Connect with us

Politics, Law & Military

အစိုးရသစ်ထံ အာဏာ လွှဲပြောင်း ပေးအပ်သည့် လုပ်ငန်းစဉ် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် အတွင်းဝန်များ၏ အခန်းကဏ္ဍသည် အလွန် အရေးပါ

အစိုးရသစ်သို့ ဌာနဆိုင်ရာလုပ်ငန်းများ စနစ်တကျ လွှဲပြောင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

လက်ရှိအစိုးရ အနေဖြင့် အစိုးရသစ်ထံ အာဏာ လွှဲပြောင်းပေး အပ်သည့် လုပ်ငန်းစဉ် တွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက် နိုင်စေရန် အတွင်းဝန်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှုအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဌာနများ၏ အတွင်းဝန်များသည် အစိုးရ၏ ယန္တရားကို အရှိန်အဟုန် မပျက်စေရန် ဆက်လက် မောင်းနှင် သယ်ဆောင်သွား ရမည့်သူများဖြစ်ကြောင်း၊ မကြာမီတွင် ကျင်းပမည့် ဒုတိယ အကြိမ် လွှတ်တော်အစည်းအဝေးမှ တစ်ဆင့် အစိုးရသစ် တစ်ရပ် ပေါ်ပေါက် လာမည်ဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးစသည့် မဏ္ဍိုင်ကြီး သုံးရပ်အား လက်ဆင့်ကမ်းပေး အပ်ရ မည်ဖြစ်ပြီး ယင်းတာဝန် မှာ အလွန် အရေးကြီးကြောင်း ဌာနဆိုင်ရာလုပ်ငန်းများ စနစ်တကျ လွှဲပြောင်းနိုင်ရေး အတွက် ပြည်ထောင် စု ဝန်ကြီး ဌာနများ နှင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများရှိ အမြဲတမ်း အတွင်းဝန် များနှင့် တွေ့ဆုံခဲ့ရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော် အကြီးအကဲ တာဝန် လွှဲပြောင်းမှုအထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ၊ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ- MOI)

အစိုးရ၏ အုပ်ချုပ်ရေးယန္တရား အရှိန်အဟုန်မပျက် ဆက်လက် လည်ပတ်နိုင်ရန် ခေါင်းတွဲ အဟောင်းနှင့်အသစ် ချိတ်ဆက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက် ပေးသွားရန် လိုအပ်ကြောင်း၊ ထိုသို့မဟုတ်ပါက တိုင်းပြည် အတွက် လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်လာနိုင်ကြောင်း၊ အစိုးရသစ် ပေါ်ပေါက် လာချိန်တွင် အမှားအယွင်းမရှိစေရန် အတွက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လက်ရှိ ဥပဒေများ အတိုင်း မှန်မှန်ကန်ကန်၊ တိတိကျကျ လွှဲပြောင်း နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.