Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါနိုင်ငံဝန်ကြီးချုပ် မြန်မာ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မြှင့်တင် သွားရေးဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကနေဒါဝန်ကြီးချုပ် Rt. Hon. Justin Trudeauတို့သည် ဇွန် ၇ ရက်နေ့ စံတော်ချိန် ၁၆း၀၀ နာရီတွင် တွေ့ဆုံပြီး မြန်မာ-ကနေဒါ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မြှင့်တင် သွားရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ တွေ့ဆုံရာတွင် ကောင်းမွန်သည့်စီမံအုပ်ချုပ်ရေး ၊ အမျိုးသမီးနှင့် လူငယ် များအခန်း ကဏ္ဍမြှင့်တင်ရေး၊ စီးပွားရေးဏ္ဍနှင့် ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအတွက် ပူးပေါင်းဆောင် ရွက်ရေး၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများပံ့ပိုးပေးရေး၊ လူသားချင်းစာနာထောက် ထားမှုအကူအညီများပေးအပ်ရေးနှင့် မြန်မာအစိုးရမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် သွားမည့် နည်းလမ်းများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း တွေ့ဆုံမှုအပြီးတွင် ကနေဒါနိုင်ငံမှ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုမြှင့်တင်ရေးနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန်ဒေါ်လာ ၈.၈ သန်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.