Connect with us

Politics, Law & Military

တပ်မတော် Y-8လေယာဉ်မှ ရုပ်အလောင်း ၂၉ လောင်းရှာဖွေတွေ့ရှိဟု တပ်မတော်ထုတ်ပြန်

Y-8 လေယာဉ်ဖြစ်စဉ်တွင် ပါဝင်သော မိသားစုဝင်များအား ထောက်ပံ့ကြေးပေးအပ်နေစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

လောင်းလုံမြို့၏ အနောက်တောင်ဘက် ၂၂ မိုင် ပင်လယ်ပြင် အတွင်းမှ ပြန်လည်တွေ့ရှိခဲ့သော တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8မှ ရုပ်အလောင်း ၂၉လောင်းရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။

ယနေ့ ဇွန် ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့် အထိ အမျိုးသားရုပ်အလောင်း ၁ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀ လောင်း ၊ကလေးရုပ်အလောင်း ၈ လောင်း စုစုပေါင်း ရုပ်အလောင်း ၂၉ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်စဉ်နှင့် ပတ်သတ်တွင် ပါဝင်သော တပ်မတော်သားနှင့် မိသားစုဝင်များကို တစ်ဦးလျှင် (၇)သိန်းကျပ်စီ ကနဦးအနေဖြင့် ထောက်ပံ့ပေးအပ်ထားသည်။

ပျောက်ဆုံးသွားသည့် Y-8 လေယာဉ်အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.