Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်း မီးလောင်စေရန် ကျူးလွန်သူ၏ ဓာတ်ပုံမှတ်တမ်းများ ရဲတပ်ဖွဲ့မှ ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား မီးလောင်စေရန် ကျူးလွန်သူ၏ ဓာတ်ပုံအားတွေ့ရစဉ်(ဓာတ်ပုံ-Yangon Police)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းအတွင်းသို့ ယနေ့ နံနက် ၆ နာရီခွဲခန့်က မီးလောင်စေသော ပုလင်းပစ်ပေါက်ခဲ့သည့် တရားခံဓာတ်ပုံမှတ်တမ်းများ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ၏ ပုံသဏ္ဍန်သည် အသက် ၄၀ နှစ်ခန့်၊ ဆံပင်နက်တို၊ အရပ် ၅ပေ ၅ လက်မခန့်၊ အသားညို၊ ခန္ဓာကိုယ်ဝ၊ မြန်မာလိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၊ ဝတ်ဆင်ထားသည့်အဝတ်မှာ တီရှပ်ပန်းရောင်၊ပလေကပ်လုံချည်အပြာကွက်ကျဲ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ / ၅၆ ရှိ ခြံဝန်းအတွင်းသို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ မီးလောင်စေသည့် ဖန်ပုလင်း ၁ လုံးအား ပစ်သွင်းခဲ့သဖြင့် ခြံဝန်းအတွင်း ခြံစောင့်တဲအနီးရှိရေပိုက်တစ်ချောင်း မီးစွဲလောင်ကျွမ်းသဖြင့် ပြစ်မှုကျူးလွန်သူအား

အရေးယူရန် ဗဟန်းမြို့မရဲစခန်း (ပ) ၆၄/ ၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.