Connect with us

Politics, Law & Military

နိုင်ငံခြားသားများအား စုပေါင်းပိုင် အဆောက်အအုံများတွင် အိမ်ခန်းများကို ဥပဒေနှင့်အညီ ရောင်းချနိုင်ခွင့်ရှိ

ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံခြားသားများအား စုပေါင်းပိုင် အဆောက်အအုံများတွင် ရာခိုင်နှုန်း ၄၀ ထက် မပိုသော အိမ်ခန်းများကို ဥပဒေနှင့် အညီ ရောင်းချနိုင်ခွင့် ရှိကြောင်း စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေအရ သိရသည်။

စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေတွင် စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ရန် အတွက် မြေဧရိယာ အနည်းဆုံး စတုရန်းပေ ၂၀,၀၀၀ နှင့် အထက်ရှိ ရမည်ဟု ပြင်ဆင်၍ လည်းကောင်း စုပေါင်းပိုင် အဆောက်အအုံ၏ ရာခိုင်နှုန်း ၄၀ ထက် မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ဥပဒေနှင့် အညီ ရောင်းချနိုင်ခွင့် ရှိသည်ဟု ထည့်သွင်း၍ ဥပဒေကြမ်းအား အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယခု အတည်ပြု လိုက်သော စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေတွင် စုပေါင်းပိုင် အဆောက်အအုံ ဆိုသည်မှာ ယင်းဥပဒေအရ မှတ်ပုံတင်ထားသော စုပေါင်းပိုင် မြေတွင် စုပေါင်းပိုင် အဆောက်အအုံအဖြစ် ဆောက်လုပ် ထားသော ခြောက်ထပ်နှင့် အထက်ရှိသည့် အထပ်မြင့် အဆောက်အအုံ ကိုဆိုလိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သဘော ကွဲလွဲသည့် စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၂၂ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တစ်ပိုဒ်ချင်းစီ အလိုက် အဆုံးအဖြတ် ရယူ၍ အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)