Connect with us

Politics, Law & Military

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူး သက်တမ်း နှစ်ကြိမ်ထက် မပိုစေရဟု ဥပဒေ ပြဋ္ဌာန်းချက်အား နိုင်ငံတော် သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်

ရပ်ကွက် သို့ မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ ကြေညာချက်အား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ရာထူး သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဖြစ်ပြီး ယင်း၏ သက်တမ်းသည် နှစ်ကြိမ်ထက် မပိုစေရဟု ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် သမ္မတမှ လက်မှတ် ရေးထိုး ထုတ်ပြန်ခဲ့သည်။

ယခု ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေအရ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် သက်တမ်းသစ် အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ခန့်အပ် တာဝန်ပေးပြီးသည့် အချိန်အထိ တာဝန် ထမ်းဆောင်ရမည် ဖြစ်ပြီး လုပ်ငန်း တာဝန်များကို စနစ်တကျ လွှဲပြောင်းရမည်ဟု ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၉ တွင် အစားထိုး ပြဋ္ဌာန်းခဲ့သည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117