Politics, Law & Military
နိုင်ငံတော် သမ္မတ အာဆီယံ-ရုရှားထိပ်သီးအစည်းအဝေးတက်ရန် ရုရှားနိုင်ငံသို့ သွားမည်

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပမည့် အာဆီယံ- ရုရှား ဆက်ဆံရေး နှစ် (၂၀)ပြည့် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် သွားရောက်မည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးကို မေလ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော် သမ္မတသည် ရုရှား ဖက်ဒရေး ရှင်း နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ်သွားရောက်မည်ဖြစ်သည်။(Xinhua)