Politics, Law & Military
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေအား ခန့်အပ်ရန် သမ္မတ အဆိုပြု
နေပြည်တော် ၊ မေ ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေအား ခန့်အပ် တာဝန်ပေးရန် နိုင်ငံတော် သမ္မတ၏ အဆိုပြု တင်ပြချက်အား ယနေ့မေလ ၁၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက တင်ပြခဲ့သည်။
ပြည်ထောင်စု ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းသော ဦးကျော်တင့်ဆွေသည် အငြိမ်းစား သံအမတ်ကြီး တစ်ဦး ဖြစ်သကဲ့သို့၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်တွင် အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ အဆိုပြု တင်ပြသော နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးကျော်တင့်ဆွေအား ခန့်အပ် တာဝန်ပေးရန် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ၂၂ ခုမြောက် ဝန်ကြီးဌာန အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနအား မေလ ၁၀ ရက် ပြည်ထောင်စု လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။ (Xinhua)