Connect with us

Politics, Law & Military

နိုင်ငံရေးအပြောင်းအလဲအတွက် ပုဂ္ဂိုလ်စွဲ၊ဝါဒစွဲတို့ကို စွန့်လွှတ်ပြီး ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန် အန်အယ်လ်ဒီပါတီ နာယက ဦးတင်ဦး ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဌာနချုပ်တွင် ကျင်းပခဲ့သည့် ( ၇၁ ) နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့တွင် သဘာပတိ သူရဦးတင်ဦး မိန့်ခွန်းပြောကြားနေစဉ် ( ဓာတ်ပုံ-ဆင်ဟွာ )

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်တွင် ကျင်းပသည့် ( ၇၁ ) ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် အဖွဲ့ချုပ် နာယက သူရဦးတင်ဦးက နိုင်ငံရေးအပြောင်းအလဲ အတွက် ပုဂ္ဂိုလ်စွဲ ၊ ဝါဒစွဲ တို့ကို စွန့်လွှတ်ပြီး ညီညီညွတ်ညွတ် လုပ်ဆောင်ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

၂၀၁၆ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ပြုလုပ်သည့် ( ၇၁ )နှစ်မြောက်ဖက်ဆစ်တော်လှန် ရေးနေ့အခမ်းအနားတွင် အန်အယ်လ်ဒီပါတီ နာယက သူရဦးတင်ဦးက “ အဓိကကတော့ ပုဂ္ဂိုလ်စွဲ ၊ ဝါဒစွဲတို့ကိုစွန့်လွှတ်ပြီး ၊ ကိုယ်လိုချင်တဲ့နိုင်ငံရေးအပြောင်းအလဲ အတွက် အားလုံးညီညီညွတ်ညွတ် နဲ့လုပ်ရမယ့် ကိစ္စတစ်ခုပါပဲ” ဟု သဘာပတိမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် သူရဦးတင်ဦးက ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေးကြိုးပမ်းခဲ့ချိန်က မြန်မာနိုင်ငံအတွင်း ကွန်မြူနစ်ပါတီ ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ မြန်မာ့ဆိုရှယ်လစ်ပါတီ နှင့် ဒေါက်တာဗမော်ပါတီ စသည့် ပြည်တွင်းနိုင်ငံရေးအင်အားစုများသည် ဖက်ဆစ်ဝါဒီ၏ လက်အောက်မှ လွတ်မြောက်ရန်အတွက် အားလုံးညီညီညွတ်ညွတ်ဖြင့် စုပေါင်း တော်လှန်ခဲ့ကြောင်း နှင့် ဖက်ဆစ်တော်လှန်ရေးနေ့သည် အမျိုးသားသွေးစည်းညီညွတ်ခြင်း၏ သင်္ကေတနေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင် အန်အယ်လ်ဒီပါတီ ဌာနချုပ်တွင် ပြုလုပ်သည့် ( ၇၁ ) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့နှစ်ပတ်လည် အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ ၊ နိုင်ငံရေးပါတီအသီးသီးမှ ခေါင်းဆောင်များး ၊ ဝါရင့်နိုင်ငံရေး သမားကြီးများ ၊ သံတမန်များ နှင့် အန်အယ်လ်ဒီပါတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.