Connect with us

Politics, Law & Military

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်ပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်လုပ်ငန်းအဖွဲ့များတွင် တိုင်းရင်းသား ၊ တပ်မတော်သား နှင့် ဒီမိုကရေစီညီနောင်များကို ထည့်သွင်းထားခြင်းဖြစ်ဟု ဦးတင်ဦးပြော

ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်ရှိ အန်အယ်လ်ဒီပါတီ ဌာနချုပ်တွင်ကျင်းပသည့် ( ၇၁ ) နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်ပရိသတ်များအားတွေ့ရပုံ ( ဓာတ်ပုံ - ဆင်ဟွာ )

ရန်ကုန် ၊ မတ် ၂၇ ရက် ( ဆင်ဟွာ )

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရအဖွဲ့နှင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းအဖွဲ့များတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်ပြီး တိုင်းရင်းသားများ ၊ တပ်မတော်သားများ ၊ ဒီမိုကရေစီညီနောင်ပါတီများမှ ကိုယ်စားလှယ်များ ယုံယုံကြည်ကြည်ထည့်သွင်းထားခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ နာယက သူရဦးတင်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ရွှေဂုံတိုင်ရှိ အန်အယ်လ်ဒီပါတီ ဌာနချုပ်တွင် မတ်လ ၂၇ရက်နေ့က ပြုလုပ် ကျင်းပသည့် ( ၇၁ ) နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားတွင် ပါတီနာယကသူရဦးတင်ဦးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခမ်းအနားတွင် သူရဦးတင်ဦးက “ နိုင်ငံတော်သမ္မတ ၊ ပြည်ထောင်စု လွှတ်တော် အစိုးရအဖွဲ့နဲ့လွှတ်တော်ဆိုင်ရာ လုပ်ငန်းအဖွဲ့များမှာ တိုင်းရင်းသားများ၊ တပ်မတော်သားများ ၊ဒီမိုကရေစီညီနောင်ပါတီများမှ ကိုယ်စားလှယ်များ ၊ တတ်သိပညာရှင်များကိုသယဇာတ ဖြစ်အောင်သစ္စာရှိရှိ ၊ ယုံကြည်မှုရှိရှိ ထည့်သွင်းဖွဲ့စည်းခဲ့ဖြစ်ဖြစ်ပါတယ် ” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် အန်အယ်လ်ဒီပါတီက ပြုလုပ်ကျင်းပသော ဖက်ဆစ်တော်လှန်ရေးနေ့အတွက် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း “ အကြမ်းမဖက်ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်အခြေခံပြီး တည်ဆောက်ရေး စိတ်ဓါတ်နဲ့ရရှိနိုင်မယ်လို့ကျွန်မ ခိုင်မာစွာ ယုံကြည်ပါတယ်” ဟု ၎င်း ၏သဘောထားဆန္ဒ များကို ပေးပို့ခဲ့ပြီး ယင်းပေးပို့ချက်များကို သူရဦးတင်ဦးက ၎င်း၏ မိန်းခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်ထားသည့် အန်အယ်လ်ဒီပါတီသည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌရာထူးအတွက် ဗမာ၊ ကရင်၊ကချင် နှင့် ရခိုင်တိုင်းရင်းသား များဖြင့်ဖွင့် စည်းခဲ့သလို အစိုးရအဖွဲ့တွင် လည်း မွန်သွေးပါသူ သမ္မတ တစ်ဦး နှင့် ချင်းတိုင်းရင်းသား ဒုသမ္မတ တစ်ဦးကို ရွေးချယ်တင်မြှောက်ထားခဲ့သည်။ ထို့ပြင် ၎င်းတို့၏ အစိုးရအဖွဲ့တွင် အငြိမ်းစား တပ်မတော်သား ဗိုလ်ချုပ် နှစ် ဦးအပါအဝင် တတ်သိပညာရှင်များ နှင့် မွန်တိုင်းရင်းသားတစ်ဦးကိုလည်း ဝန်ကြီးစာရင်းအတွက် အမည်စာရင်းတင်သွင်းထားကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.