Connect with us

Politics, Law & Military

နိုင်ငံ့အကြီးအကဲများ နှင့်ပတ်သက်ပြီး လုပ်ကြံဖန်တီး သတင်းမှားများ အထင်အရှား ပေါ်ပေါက်လျှင် ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ဆို

နိုင်ငံတော် သမ္မတ အိမ်တော် ပုံမှန် သတင်းစာ ရှင်းပွဲ တစ်ခု၌ ဦးဇော်ဌေးအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိသည်ဟု သမ္မတ အိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ နေ့လယ်ပိုင်း၌ အတည်ပြု ပြောကြားခဲ့သည်။

“ကျန်းမာရေး အထူးကောင်းမွန်ပါတယ်၊ စိတ်ပူပေးတဲ့သူတွေကိုလည်း ကျေးဇူးတင် ပါတယ်၊ ကျန်းမာရေး အထူး(အထူး)ကောင်းမွန်ကြောင်း သတင်းစကား ပါးလိုပါတယ်၊ ဒါ့အပြင် လူ အစားထိုး တယ် ဆိုတဲ့ သတင်းမှားတွေလည်း ဖြန့်နေကြတာ တွေ့ရှိရပါတယ်၊ လုံးဝ မှားယွင်းတဲ့ သတင်းတု တွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ့အကြီးအကဲများနှင့် ပတ်သက်ပြီး လုပ်ကြံဖန်တီးသည့် သတင်းမှားများ၊ ချဲ့ကားရေးသားထားသော သတင်းတုများနှင့် ပတ်သက်ပြီး အထင်အရှား ပေါ်ပေါက် လျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်ကြောင်းလည်း သသိပေး ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး ကောလာဟလ သတင်း များ ထွက်ရှိနေခြင်းအပေါ် အိမ်တော် သတင်းထောက်များ၏ မေးမြန်းချက်ကို အိမ်တော် သတင်း ထောက် များ စာမျက်နှာမှ ပြန်လည် ဖြေကြားရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလ ရောက်လာသည်နှင့် အမျှ သတင်းမှားများ၊ လုပ်ကြံဖန်တီးသော သတင်း များ ပိုပြီး များပြားလာကြောင်းလည်း ဆိုသည်။

“ မည်သူတို့က သတင်းမှားလုပ်ကြသလဲ၊ ရည်ရွယ်ချက်က ဘာလဲ၊ သာမန်အားဖြင့် စဉ်းစား ကြည့်ရင် ရှင်းရှင်းလင်းလင်း သိနိုင်ပါလိမ့်မယ်၊ အဲ့ဒီ သတင်းမှားတွေ ထုတ်လွှင့်တဲ့ Page နဲ့ ပတ်သက် လို့ နည်းပညာဆိုင်ရာ လုပ်ဆောင်ဖွယ်ရာတွေကို လုပ်နေပါတယ်၊ ခိုင်လုံတဲ့ အထောက်အထားတွေ ရရှိရင် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ဦးဇော်ဌေးက ဖြေကြားခဲ့ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.