Connect with us

Politics, Law & Military

နေပြည်တော်တွင် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော် တည်ထားကိုးကွယ်မည် 

တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

နေပြည်တော် ဒက္ခီဏသီရိမြို့နယ်တွင် ကမ္ဘာ့ အကြီးဆုံး ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်ကြီးအား တပ်မတော်နှင့် အလှူရှင်များ တည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းပွဲ၌ မီဒီယာသို့ ပြောကြားခဲ့သည်။

“ ဉာဏ်တော် အမြင့် ၈၁ ပေရှိတဲ့ ဘူမိဖသ မုဒြာ ထိုင်တော်မူ ကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှာ ဖြစ်ပါတယ်၊ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာတော် ထွန်းလင်း တောက်ပ လျက် ရှိကြောင်း ကမ္ဘာကို ပြသဖို့၊ တိုင်းပြည် အေးချမ်း သာယာမှု ရှိစေဖို့၊ ရုပ်ပွားတော်မြတ်ကြီးကို ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်းကားမှု အထောက်အကူ ဖြစ်စေဖို့၊ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေဖို့တို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ယခု တည်ထား ကိုးကွယ်မည့် ရုပ်ပွားတော်သည် ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓ ရုပ်ပွားတော်များတွင် ကမ္ဘာ့ အကြီးဆုံး ကျောက်ဆစ် ရုပ်ပွားတော် ဖြစ်လာမည် ဖြစ်ကြောင်း၊ ဆင်းတုတော်ကြီးအား ထုဆစ်မည့် စကျင်ကျောက်တော်များသည် ရန်ကုန် အင်းစိန် မင်းဓမ္မ ကုန်းတော် အပေါ်မှာ တည်ထား ကိုးကွယ်ထားသော လောကချမ်းသာ အဘယ လာဘမုနိ ကျောက်တော်ကြီးဘုရား ဆင်းတုတော်ကြီး ထွက်ရှိသည့် စကျင်ကျောက်တောင်၏ မြောက်ဘက်မှာ ထွက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ နေရာမှ နေပြည်တော်အထိ ရေယာဉ် မော်တော်ယာဉ်များ အသုံးပြုပြီး အဆင့်ဆင့် သယ်ယူမှာ ဖြစ်ကြောင်း၊ ဆရာတော် ဘုရားကြီးများ၏ သြဝါဒကို ခံယူပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဆင်းတုတော်ကြီး၏ အကြီးဆုံး အစိတ်အပိုင်းသည် အလေးချိန် ၉၇၀ တန် ရှိပြီး အလျား ၆၃ ပေ၊ အနံ ၁၂ ဒသမ ၈ ပေ ရှိကြောင်း၊ တန်ချိန် တစ်ထောင် သယ်ယူနိုင်သော မော်တော်ယာဉ်များဖြင့် သယ်ယူမှာ ဖြစ်ပြီး သယ်ယူခြင်း လုပ်ငန်းများကို ဇူလိုင်လထဲတွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်  ၂၀၂၂ ခုနှစ်တွင် အပြီး တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.