Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး ၊ ၅ဦး ဒဏ်ရာရရှိ

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် တစ် ဦး အား တွေ့ရ စဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက် ညနေပိုင်းက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ ၃ဦး နှင့် အရပ်သား ၁ဦး စုစုပေါင်း ၄ဦး သေဆုံးပြီး အခြား ရဲတပ်ဖွဲ့ဝင် ၄ဦးနှင့် အရပ်သား ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။

 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီး မောင်တောအငူမော်ကားလမ်းပေါ်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရောက်ရှိနေပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ရက် ညနေပိုင်းတွင် အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ကိုးတန်ကောက်ကျေးရွာအနီး အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ချောင်းမြောင်းတိုက်ခိုက်ခဲ့ သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးခဲ့ရပြီး အခြား ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်း အပြန်အလှန် ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် လိုက်ပါမောင်နှင်း ပို့ဆောင်ပေးသည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ကာ ယာဉ်နောက်လိုက် ၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာသို့ တပ်မတော်စစ်ကြောင်းများက အချိန်မီ သွားရောက် ပူးပေါင်း၍ စစ်ကူပစ်ကူဆောင်ရွက်ပေးခဲ့ကြောင်း နှင့် ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား ထပ်ကြပ် လိုက်လံ စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.