Connect with us

Politics, Law & Military

နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ တတိယအကြိမ် ပူးတွဲ လုပ်ငန်း အဖွဲ့အစည်းကို နေပြည်တော်တွင် ကျင်းပမည်

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယ အကြိမ်မြောက် ပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊မေ ၁၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ တတိယအကြိမ် ပူးတွဲ လုပ်ငန်း အဖွဲ့အစည်းကို နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။

တတိယအကြိမ် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးအား နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပမည့် နေ့ရက်နှင့်အချိန်တို့အား သံတမန် လမ်းကြောင်း မှ တစ်ဆင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ပြန်လည်ခေါ်ယူရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒုတိယ အကြိမ်မြောက် ပူးတွဲ လုပ်ငန်းအဖွဲ့အစည်းအဝေးတက်ရောက်ကို မေ ၁၅ ရက်မှ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့တွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သွားရောက် ခဲ့ကြောင်း သိရသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့မှ UEHRD လုပ်ငန်းစဉ်များအပါအဝင် ပြန်လည် လက်ခံရေးအတွက် စီစဉ်ထားမှုများ၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်ရေး လုပ်ငန်းစဉ်များ၊ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှု အခြေအနေနှင့် ပြန် လည်ခေါ်ယူ ရေး၊ နေရာချထားရေးနှင့် ပေါင်းစည်းရေး ဆိုင်ရာလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် မြန်မာ အစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ဆွေးနွေးနေမှု အခြေအနေများ ကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.