Connect with us

Politics, Law & Military

ပင်လယ်ကမ်းစပ်၌ တွေ့ရှိသောလူများကို စိစစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးမည်

ပင်လယ်ကမ်းစပ်၌ တွေ့ရှိသော စက်လှေတစ်စီးနှင့် လူများအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဇွန် ၁၁တွေ့ရှိထားသော လူများကို စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးကပြောကြားသည်။

ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် ရောက်ရှိနေသော လှေစီးဒုက္ခသည်များအား ဇွန် ၁၂ရက်နေ့က ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ထွက်ဆိုထားသော သူများကို သံတမန်နည်းလမ်းများဖြင့် လိုအပ်သော ဆောင်ရွက်မှုများပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လူများထဲမှ မြန်မာနိုင်ငံဘက်တွင် အမှန်တကယ်နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူများကိုလည်း ဘူးသီးတောင်နှင့် မောင်တောဒေသများရှိ ဆွေမျိုးများထံ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယင်း လှေစီးဒုက္ခသည်များသည် ဘူးသီးတောင်နှင့် မောင်တောဒေသများရှိ ဆွေမျိုးများထံ ဇွန် ၁၆ရက်နေ့တွင် ပြန်လိုကြောင်းနှင့် ဆွေမျိုးများမရှိသော သူများကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည် သိလိုကြောင်း ပြည်ထောင်စုဝန်ကြီးအား ပြန်လည်မေးမြန်းကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ထွက်ဆိုထားသော သူများအား နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းပြီး သံတမန်နည်းလမ်းများဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.