Connect with us

Politics, Law & Military

ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုးများ ၊ ယမ်းပျော့ များနှင့် ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ များးအားဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး များနှင့် ယမ်းပျော့တို့အားတွေ့ရစဉ် (ဓါတ်ပုံ ပြည်ထည်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ပုသိမ်ကြီးမြို့နယ်၌ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆,၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉,၁၉၀ ချောင်းနှင့် ယမ်းကြိုးပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ မတ်လ ၆ ရက်နေ့ ၁၁း၀၀နာရီ အချိန် ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်ကျောက်ချော စစ်ဆေး ရေးဂိတ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အကောက်ခွန်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ဝင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ဝင်းတင်(၄၆)နှစ်မောင်းနှင်သည့် 2B/xxxx Nissan (၆) ဘီးယာဉ် အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျောက်မီးသွေးများဖြင့် ဖုံးအုပ်လျက် ဆာလာအိတ်များ အတွင်းမှ လျှပ်စစ်ဒီတိုနေတာ(ကတ်သီး)ကြိုး ၆၆,၇၀၀ ချောင်း၊ ယမ်းပျော့ ၁၉,၁၉၀ ချောင်း၊ ယမ်းကြိုး ပါမီးရှို့ဒီတိုနေတာ ၄၅၀၀ ချောင်းတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ၁၈၃၀ အချိန်တွင် ယာဉ်မောင်း ဝင်းတင်(ဖမ်းမိ)အား အုန်းချောနယ်မြေရဲစခန်း(ပ)၃၅/၂၀၁၈ ပေါက်ကွဲပုဒ်မ ၅ ဖြင့် အမှုဖွင့်ပြီးကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.