Connect with us

Politics, Law & Military

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ ဝန်ထမ်းများ ကားဝယ်ယူခွင့် ယခု လလယ်ပိုင်း စတင်မည် ဟု ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းမော်တာကားများသွားလာနေကြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ ကားဝယ်ယူခွင့် ကိစ္စကို အောက်တိုဘာ လလယ်ပိုင်း၌ စတင်နိုင်မည်ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ယနေ့ နေ့လယ်ပိုင်းတွင် ဖြေကြားခဲ့သည်။

“ဒီကိစ္စအတွက် မနေ့ကတည်းက စပြီး စာရင်း တောင်းထားပြီးပါပြီ။ အရင်တည်းက အကြမ်းဖျင်း ပြုစုထားပြီးသား ရှိပေမယ့် update ပြန်လုပ်ရမှာတွေလည်း ရှိနေတယ် ဒီ တစ်ပတ်နှစ်ပတ် အတွင်း အောက်တိုဘာလလယ်လောက်မှာ ဒီအစီအစဉ်ကို စနိုင်မယ် လို့ ခန့်မှန်းထားပါတယ်”ဟု ၎င်းက 

ကား ဝယ်ယူခွင့် ရနိုင်မည့် ဝန်ထမ်း ဦးရေနှင့် ပတ်သက်ပြီး ၎င်းက “သတ်မှတ်ချက်တွေနဲ့ ကိုက်ညီ မယ့် ဝန်ထမ်းက ထောင်ဂဏန်းလောက်ပဲ ရှိနိုင်တယ်၊ နှစ်ထောင် ဝန်းကျင်လောက်ပဲ ရှိနိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု ပြောကြားခဲ့သည်။

ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ရရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့် အထက် ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလို ဖြစ်သော တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများ (သက်ပြည့် အငြိမ်းစား မယူမီ ကြိုတင် ပြင်ဆင်ခွင့် ခံစားနေသော ဝန်ထမ်းများ အပါ) ဟူသည့် သတ်မှတ်ချက်ကြောင့် အသက်က ၅၇၊ ၅၈ နှစ် ဖြစ်သော်လည်း ပြည်သူ့ဝန်ထမ်းကောင်း လက်မှတ် မရသေးခြင်း၊ ပြည်သူ့ဝန်ထမ်းကောင်း လက်မှတ်ရထားသော်လည်း အသက် ၅၇ မပြည့်သေးခြင်း၊ အသက်က ၅၇ နှစ် ၅၈ နှစ် ပြည့်ပြီးသော်လည်း ဝန်ထမ်းကောင်း လက်မှတ် ယခုနှစ်မှ လျှောက်ရခြင်း စသည့် အခြေအနေများကြောင့် ကားဝယ်ယူခွင့် ရမည့် ဝန်ထမ်း ဦးရေ နည်းပါးနိုင်ကြောင်း လက်ထောက် အတွင်းဝန်က ရှင်းလင်း ဖြေကြားခဲ့သည်။

ပြည်သူ့ ဝန်ထမ်းနှင့် နိုင်ငံ့ ဝန်ထမ်းများအား ကား ဝယ်ယူခွင့် ပြုရေး ကိစ္စအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အရ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ရရှိပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် အသက် ၅၇ နှစ်နှင့် အထက် ရှိသည့် ပင်စင်ယူရန် သုံးနှစ်အလို ဖြစ်သော တာဝန် ထမ်းဆောင်ဆဲ ဝန်ထမ်းများအနက် အမြဲတမ်း အတွင်းဝန် ရာထူးမှ ဒုတိယ ညွှန်ကြားရေးမှူး ရာထူးအထိ ဝန်ထမ်းများအား ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်၊ ပြည်တွင်း အရောင်း ပြခန်းများမှ ဝယ်ယူခွင့် ပြုကြောင်း၊ လက်ထောက် ညွှန်ကြားရေးမှူး နှင့် အောက်အဆင့် ဝန်ထမ်းများအား ပြည်တွင်းမှ SKD စနစ်ဖြင့် ထုတ်လုပ်သော မော်တော်ယာဉ် များကို ဝယ်ယူခွင့် ပြုကြောင်း၊ မော်တော်ယာဉ်ဝယ်ယူရာတွင် ခွင့်ပြုမည့် ငွေပမာဏမှာ အမြဲတမ်း အတွင်းဝန် / ညွှန်ကြားရေးမှူးချုပ်များအတွက် သိန်း ၅၀၀ နှင့် ညီမျှသည့် CIF တန်ဖိုး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယ ညွှန်ကြားရေးမှူးများအတွက် သိန်း ၃၀၀ နှင့် ညီမျှသည့် CIF တန်ဖိုး၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် အောက် အဆင့်များအတွက် သိန်း ၃၀၀ နှင့် ညီမျှသည့် စက်ရုံထုတ် ရောင်းဈေးတို့ ဖြစ်ကြကြောင်း၊ အဆိုပါ အစီအစဉ်အား နောင်နှစ်များ တွင်လည်း ယခု သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအတွက် ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.