Connect with us

Politics, Law & Military

ဇန်နဝါရီ မှ သြဂုတ် လကုန်အထိ စည်းကမ်းချိုးဖောက်သည့် မော်တော်ယာဉ်များအား တိုင်ကြားမှုပေါင်း ၂,၁၀၀ ကျော်ရှိ 

ရန်ကုန်မြို့လယ်တွင် မော်တော်ကားများ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ သြဂုတ်လကုန်အထိ စည်းကမ်းချိုးဖောက်သည့်မော်တော်ယာဉ်များအား Viber မှ တဆင့် တိုင်ကြားမှုပေါင်း ၂,၁၀၈ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၃၀ ရက်တွင်ပြောကြားသည်။ 

“တိုင်ကြားတဲ့အမှုတွေ ကအများကြီးပဲ။ အဓိကကတော့ လမ်းကြောင်းပြောင်းပြန်မောင်းတာ တို့ ယာဉ်နှစ်ထပ် ရပ်တာတို့ ကိုတိုင်ကြတာများတယ်’’ ဟု ၎င်းကဆိုသည်။ရန်ကုန်မြို့တွင်း မောင်းနှင်နေသော စည်းကမ်းချိုးဖောက်သည့်ယာဉ်များ ကို Online Call Center ၏ Viber ဖုန်းနံပါတ် မှတစ်ဆင့် ဓာတ်ပုံနှင့်တကွ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ အငှားယာဉ်များ အများဆုံးတိုင်ကြားခံရကြောင်း သိရသည်။ 

ရန်ကုန်မြို့တွင်း မောင်းနှင်နေသော လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကို Online Call Center ၏ Viber ဖုန်း ၀၉-၇၇၇၄၃၆၂၃၂၊ ၀၉-၇၇၇၄၃၆၂၃၃၊သ၉၇၇၇၄၃၆၂၃၄ သို့ နေရာ၊ အချိန်၊ နေ့ရက် နှင့် ကားနံပါတ်ထင်ရှားသော ဓာတ်ပုံများနှင့် တကွ ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117