Politics, Law & Military
ဘဏ္ဍာရေး ကော်မရှင်အား စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်း

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတသည် ဘဏ္ဍာရေး ကော်မရှင်အား စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဧပြီလ ၅ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။
ဘဏ္ဍာရေး ကော်မရှင်ကို ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ နှင့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူတို့ က ဒုတိယ ဥက္ကဋ္ဌများ အဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များ အဖြစ် ဦးထွန်းထွန်းဦး (ပြည်ထောင်စုရှေ့နေချုပ်) ၊ဦးမော်သန်း (ပြည်ထောင်စုစာရင်းစစ်ချုပ်)၊ တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ဝန်ကြီးချုပ်များ၊ ဒေါက်တာမျိုးအောင် (ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ)၊ ဦးကျော်ဝင်း (ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန) တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း ပါရှိသည်။ (Xinhua)