Connect with us

Politics, Law & Military

မင်းလှမြို့ ဧရာဝတီ(မလွန်)တံတားပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ ၁ဦးသေ၊၂၀ဦး ဒဏ်ရာရရှိ

မင်းလှမြို့ ဧရာဝတီ(မလွန်)တံတားပေါ်၌ ဖြစ်ပွားသော ယာဉ်တိုက်မှုအားတွေ့ရစဉ်(ဓာတ်ပုံ-ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့ ဧရာဝတီတံတား (မလွန်)ပေါ်၌ ယာဉ်တိုက်မှုကြောင့် လူ ၁ဦးသေဆုံးပြီး ၂၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တံတားပေါ်တွင် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက စက်ချို့ယွင်းနေ၍ ရပ်ထားသော သုံးဘီးယာဉ်နောက်ကျောကို ကြက်စာများတင်လာသော ၁၂ ဘီးယာဉ်က ဝင်ရောက်တိုက်မိခဲ့သည့်အတွက် ၁ ဦး သေဆုံးခဲ့ပြီး အယောက် ၂၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မင်းလှမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူများ ဆေးကုသမှုခံယူလျက်ရှိပြီး ဒဏ်ရာရရှိသူများထဲတွင် ၇ဦးသည် စိုးရိမ်ရသည့်အခြေအနေရှိပြီး ကျန် ၁၇ဦးသည် မစိုးရိမ်ရသော ဒဏ်ရာများသာ ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းကို အမှတ်ယာဉ်(ပ)၃/၂၀၁၈ ယဉ်မဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ဖြင့် မင်းလှမြို့မ ရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.