Connect with us

Politics, Law & Military

မောင်တောမြို့၌ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ နှင့် အတူ စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၅,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲက မောင်နီ အလယ်ရွာ ကျေးရွာနေ ဟာဆောင်း(၄၂နှစ်)၏ နေအိမ်အား မြို့နယ် ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းဖြင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ဟာဆောင်း မှာ နေအိမ်မှ ထွက်ပြေးတိမ်းရှောင် သွားပြီး နေအိမ်ခြံဝင်းအတွင်းတွင် ဒေါ်ရာဘီယာ ခါတူ (၅ဝနှစ်)နှင့် မာမတ်အီနုစ်(၂၂နှစ်) တို့ကို တွေ့ရှိရပြီး နေအိမ်ခြံဝင်းအတွင်း မြေသားများတင်၍ ရပ်ထားသည့် ထော်လာဂျီကို ရှာဖွေစစ်ဆေးခဲ့ရာ မြေသား များဖြင့် ဖုံးအုပ်ထားသော ဆာလာအိတ် ခုနစ်အိတ် တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေး ရာ စိတ်ကြွရူးသွပ်ဆေးပြား ခန့်မှန်းအရေအတွက် ၁,၂၅ဝ,ဝဝဝ ကျော်ခန့် (ရေတွက်ဆဲ) ဆေးပြားတစ်ပြားလျှင် ငွေကျပ် ၂ဝဝဝ နှုန်းဖြင့် ခန့်မှန်းကာလ တန်ဖိုး ငွေကျပ်သိန်းပေါင်း ၂၅ဝဝဝ ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.