Connect with us

Politics, Law & Military

မိုးကုတ်မြို့နယ်တွင် သိန်း ၈ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုးကုတ်၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်အတွင်း အောက်တိုဘာ ၁၇ ရက်တွင် သိန်း ၈,ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုင်းလုံ-မိုးကုတ်သွားကားလမ်း၊ မိုးကုတ်-လယ်ကြီးရွာအဝင်တွင် မသင်္ကာဖွယ်မော်တော်ယာဉ် တစ် စီးရပ်တန့် ထားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ မော်တော်ယာဉ်အနီးတွင် မည်သူတစ်ဦးတစ်ယောက်မျှမရှိသဖြင့် မော်တော်ယာဉ်အားရှာဖွေရာ မော်တော်ယာဉ်တွင် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝ,ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆ဝဝဝ)နှင့် ဘိန်းဖြူ ၂ဝ၁၂.၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုး ငွေ ၂ဝ၁,၂၅ဝ,ဝဝဝ ကျပ်)၊စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေ ၈ဝ၁,၂၅ဝ,ဝဝဝ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပတ်သတ်ပြီး မိုးကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူကာ တရားခံဖမ်းဆီးရမိရေးနှင့် ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.