Connect with us

Politics, Law & Military

မုံးကိုးမြို့သို့ စစ်ဘေးရှောင်ဒေသခံ ၉၀၀ကျော် ပြန်လည်ဝင်ရောက်နေထိုင်

မုံးကိုးမြို့သို့ စစ်ဘေးရှောင်ဒေသခံများ ပြန်လည်ဝင်ရောက်လာစဉ်(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် အရှေ့မြောက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေသော မူဆယ်ခရိုင် မုံးကိုးမြို့မှ စစ်ဘေးရှောင်ဒေသခံ ၉၀၀ ကျော် ပြန်လည်ဝင်ရောက်လာကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

မုံးကိုးမြို့တွင် တည်ငြိမ်အေးချမ်းလာပြီ ဖြစ်သည့်အတွက် စစ်ဘေးရှောင်ခဲ့ကြသည့် မုံးကိုးမြို့ရှိ ရပ်ကွက် (၄) ခု၊ ကျေးရွာအုပ်စု (၈) စုမှ ဒေသခံ ပြည်သူများသည် မိမိနေထိုင်သည့် ရပ်ကွက် ကျေးရွာများသို့ ပြန်လည်ဝင်ရောက် နေထိုင်ကြပြီ ဖြစ်သည်။

ရှမ်းမြောက်စစ်ဘေးရှောင်စခန်းများတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာနေသူ၂၉၀၀ကျော် ကျန်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းထုတ်ပြန်ရေး ကော်မတီက ဒီဇင်ဘာ ၁၅ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး ယနေ့ထိ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.