Connect with us

Politics, Law & Military

မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းလေးခု၌ စစ်ဘေးရှောင်သူ သုံးထောင်ကျော်ရောက်ရှိ

မူဆယ်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများ စာရင်း(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ဖြစ်ပေါ်နေသော တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက်မှုကြောင့် မူဆယ်မြို့တွင် ယာယီကယ်ဆယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားပြီး ယင်းစခန်းများတွင် စစ်ဘေးရှောင်ပြည်သူ သုံးထောင်ကျော်ရောက်ရှိနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

မူဆယ်မြို့ မြောက်ရပ်ကွက်၊ မဟာဝန်မြောက်ကျောင်းတွင် ၇၀၅ဦး၊ တောင်ရပ်ကွက် ဇေတဝန်ကမ္မဌာန်းကျောင်းတွင် ၁၁၄၅ဦး၊ ဟိုမွန်ရပ်ကွက် ကချင်နှစ်ချင်းခရစ်ယာန်ကျောင်းတွင် ၁၅၃ဦး၊ စွမ်စော်ရပ်ကွက် အောင်မင်္ဂလာကျောင်းတိုက်တွင် ၈၂၂ဦးနှင့် နမ့်ခွမ်ရွာ ဘုန်းကြီးကျောင်းတွင် ၅၁၉ဦး စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ ၃၂၀၀ အား အဆိုပါ ယာယီ ကယ်ဆယ်ရေးစခန်းများတွင် ကူညီစောင့်ရှောက်ထားကြောင်း သိရသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ထိ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.