Connect with us

Politics, Law & Military

မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

မောင်တောမြို့တွင်း ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အောက်တိုဘာလ ၂၈ ရက်တွင် ငွေကျပ် ၁၉၂သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ ဦးစောလှကျွန်းတောင်ဘက် ထိပ်အနီးတွင် တိုက်ကင်းလှည့်တာဝန်ဆောင်ရွက်နေစဉ် အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့ လှော်ခတ် နေသည့် လက်ခတ်လှေ တစ် စီးအား တွေ့ရှိ၍ မီးအချက်ပြခေါ်ယူစဉ် လှော်ခတ်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဦးစောလှကျွန်းမြောက်ဘက်ထိပ်အနီး၌ လက်ခတ်လှေလှော်ခတ်လာသူများ ရေထဲသို့ခုန်ချထွက်ပြေးသဖြင့် လက်ခတ် လှေအားရှာဖွေရာ ကြွတ်ကြွတ်အိတ်အမည်းဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၆၄ဝ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁၉၂.၈ သိန်း)အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်း သိမ်းဆီးရမိသော စိတ်ကြွဆေးပြားများအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၆) မောင်တောသို့ လွှဲပြောင်းပေးအပ်သဖြင့် ငါးခူရနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.