Connect with us

Politics, Law & Military

မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့ကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံတို့ကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာ ချုပ်လက်မှတ်ရေးထိုးစဉ်(ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံနှင့် ကိုလံဘီယာ နိုင်ငံတို့အကြား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရန်နှင့် ခရီးသွားလာမှုလွယ်ကူ အဆင်ပြေစေ ရန်ရည်ရွယ်လျက် သံတမန်နှင့် အထူး∕ဝန်ထမ်းနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ပြည်ဝင်ခွင့် ဗီဇာကင်း လွတ်ခွင့်ပြုရေး သဘောတူစာချုပ်အား စက်တင်ဘာ ၂၀ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းနှစ်နိုင်ငံ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမှုကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် ကိုလံဘီယာသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Ms. María Ángela Holguín Cuéllar တို့မှ လက်မှတ်ရေးထိုးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.