Connect with us

Politics, Law & Military

မြန်မာနိုင်ငံ လူဦးရေ၏ ၆၇ ရာခိုင်နှုန်းသည် အလုပ် လုပ်ကိုင်နိုင်သည့် လုပ်သားအင်အားဖြစ်

လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတစ်ခုတွင် အလုပ်သမားများ အလုပ်လုပ်နေပုံ (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား အလုပ် လုပ်ကိုင်နိုင်သည့် လုပ်သား အင်အားသည် လူဦးရေ စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက မေလ ၂၉ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသော ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား များသည့်အတွက် နိုင်ငံအတွက် အလားအလာ ကောင်းကာ နောင်နှစ်ပေါင်း ၂၀ ထိ အကျိုးခံစားနိုင်ကြောင်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။အလုပ်အကိုင် ရရှိမှုသည် အမျိုးသားများတွင် ၈၁.၉ ရာခိုင်နှုန်း၊ အမျိုးသမီး အလုပ်အကိုင်ရရှိမှု ရာခိုင်နှုန်းသည် ၄၈.၄ ရာခိုင်နှုန်းရှိပြီး အလုပ် ရရှိမှုသည် အမျိုးသမီးထက် အမျိုးသားများ ပိုမို များပြားနေသည်။

ပညာရေး အခြေအနေသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြားတွင် ကွာဟမှုများ ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် ၉၆.၆ ရာခိုင်နှုန်းဖြင့် စာတက်မြောက်မှုနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် ၆၄.၆ ရာခိုင်နှုန်းသာ ရှိသဖြင့် စာတက်မြောက်မှု အနည်းဆုံး ဖြစ်ကြောင်းသိရသည်။

အသက် ၁၄ နှစ်အောက် အရွယ်မရောက်သေးသည့် ကလေးအရေအတွက် ၂၈.၆ ရာခိုင်နှုန်း၊ အသက် ၆၅ နှစ် နှင့်အထက် လူဦးရေ ၅.၈ ရာခိုင်နှုန်းရှိသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုှုန်းသည် ကျေးလက်တွင် နေထိုင်ကာ မြို့ပြ ၌ ၃၀ ရာခိုင်နှုန်း နေထိုင်ပြီး ၁ စတုရန်း ကီလိုမီတာ၌ ၇၆ ဦးနေထိုင်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၇ ဒသမ ၃၆ သန်းရှိသဖြင့် ရန်ကုန်တိုင်းတွင် နေထိုင်မှု အများဆုံးဖြစ်ပြီး လူဦးရေ အနည်းဆုံး ဒေသများဖြစ်သည့် ကယားပြည်နယ်တွင် ၀ ဒသမ ၂၈ သန်း နေထိုင်သည်။ ဧရာဝတီတိုင်းတွင် ၆ ဒသမ ၁၈ သန်း၊ မန္တလေးတိုင်းတွင် ၆ ဒသမ ၁၆ သန်း၊ ရှမ်းပြည်နယ်တွင် ၅ ဒသမ ၈၂ သန်း၊ စစ်ကိုင်းတိုင်းတွင် ၅ ဒသမ ၃၂ သန်း၊ မကွေးတိုင်းတွင် ၃ ဒသမ ၉ သန်း၊ နေပြည်တော်ကောင်စီတွင် ၁ ဒသမ ၁၆ သန်းနှင့် တနင်္သာရီတိုင်းမှာ ၁ ဒသမ ၄၀ သန်း၊ချင်းပြည်နယ်တွင် ၀ ဒသမ ၄၇ သန်း၊ မွန်ပြည်နယ်တွင်၂ ဒသမ ၀၅ သန်း၊ ရခိုင်ပြည်နယ်တွင် ၂ ဒသမ ၀၉ သန်း၊ ကရင်ပြည်နယ်တွင် ၁ ဒသမ ၅ သန်းနှင့် ကချင်ပြည်နယ်တွင် ၁ ဒသမ ၆၄ သန်းရှိ နေထိုင်သည်။

သယ်ယူပို့ဆောင်ရေးယာဉ် သုံးစွဲနိုင်မှုတွင် ကားသုံးစွဲသူ ၃ ရာခိုင်နှုန်းကျော်၊ ဆိုင်ကယ်သုံးစွဲသူ ၃၈ ရာခိုင်နှုန်းကျော်၊ စက်ဘီးသုံးစွဲသူ ၃၅ ရာခိုင်နှုန်းကျော်၊ ထော်လာဂျီ သုံးစွဲသူ ၂.၅ ရာခိုင်နှုန်း၊ လှေသမ္ဗာန်သုံးစွဲသူ ၃ ဒသမ ၉ ရာခိုင်နှုန်း၊ စက်လှေ မော်တော်သုံးစွဲသူ ၂.၂ ရာခိုင်နှုန်းနှင့် လှည်းသုံးစွဲသူ၂၁.၆ ရာခိုင်နှုန်းရှိသည်။

ဆက်သွယ်ရေးပစ္စည်း သုံးစွဲနိုင်မှုတွင် လက်ကိုင်ဖုန်း သုံးစွဲသူ ၃၃ ရာခိုင်နှုန်းကျော်၊ ကြိုးဖုန်းသုံးသူ ၄ ဒသမ ၈ ရာခိုင်နှုန်း၊ အိမ်တွင် အင်တာနက်တပ်ဆင်သူ ၆ ဒသမ၂ ရာခိုင်နှုန်း၊ ကွန်ပျူတာသုံးသူ ၃ ဒသမ ၅ ရာခိုင်နှုန်း၊ ရုပ်မြင်သံကြားရှိသူ ၄၉.၅ ရာခိုင်နှုန်း၊ ရေဒီယိုသုံးစွဲသူ ၃၅.၅ ရာခိုင်နှုန်းနှင့် ပိုင်ဆိုင်မှုမရှိသူ ၃၀ ရာခိုင်နှုန်းကျော် ရှိသည်။

လျှပ်စစ်မီး သုံးစွဲမှု အခြေအနေတွင် မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံး၏ ၃၂.၄ ရာခိုင်နှုန်းသည် အလင်းရောင်အတွက် လျှပ်စစ်မီးကို အသုံးပြုနေရပြီး ၂၀.၇ ရာခိုင်နှုန်းသည် ဖယောင်းတိုင်မီး သုံးနေရကြောင်း သန်းခေါင်စာရင်း ပင်မ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၄၉ သန်းရှိပြီး အမျိုးသား ဦးရေမှာ ၂၄.၈၂ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၄၈.၂၂ ရာခိုင်နှုန်း နှင့် အမျိုးသမီး ဦးရေမှာ၂၆.၆၆ သန်း၊ ရာခိုင်နှုန်းအားဖြင့် ၅၁.၇၈ ရာခိုင်နှုန်း ရှိရာ အမျိုးသမီး ဦးရေသည် အမျိုးသား ဦးရေထက် ၁.၈၃ သန်း ပိုမို များပြားနေကြောင်း သိရသည်။ (Xinhua)