Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်နှင့် ဒလမြို့နယ်တို့၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၃၀ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ၄ ရွက် တွေ့ရှိမှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်နှင့် ဒလမြို့နယ်တို့တွင် ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၃၀ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ၄ ရွက် တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ ၁၁း၃၀ နာရီအချိန် မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်း ရပ်ကွက်ရှိ ဧရာဝတီဘဏ် လီမိတက် (၇၆) မြယာကုန်းဘဏ်ခွဲမှ အငယ်တန်း လက်ထောက် စာရေး ခွန်းခန့်ကျော်(၂၂)နှစ်သည် ဘဏ်သို့လာရောက်အပ်နှံသည့် ငွေများအနက်မှ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၂၀ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ၃ ရွက်တို့အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း၊ အလားတူ ၁၆၁၅ အချိန် ဒလမြို့နယ် ဗညားဒလရပ်ကွက် ဒလ-တွံတေးကားလမ်းရှိ ကမ္ဘောဇဘဏ် လီမိတက် (ဒလဘဏ်ခွဲ)မှ တာဝန်ခံ ဦးသော်ဇေယျ(၄၆)နှစ်သည် ဘဏ်သို့လာရောက် အပ်နှံသည့် ငွေများအနက်မှ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၁၀ ရွက်နှင့် ၅,၀၀၀ ကျပ်တန် ၁ ရွက်တို့အား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မှုခင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါငွေစက္ကူအတုများ သည် စက္ကူသားချောနေခြင်း၊ ငွေစက္ကူအစစ်ထက် အလျားနှင့် အနံ ၁ မီလီမိတာစီတိုခြင်း၊ အရောင်တောက်ပမှုမရှိခြင်း၊ ရုပ်ပုံ/တန်ဖိုး ရေစာများ မပါရှိခြင်း၊ အရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာလာပရင်တာ နည်းဖြင့် တုပထားခြင်း၊ လျှို့ဝှက် ချက်များ မပါရှိခြင်းတို့ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.