Connect with us

Politics, Law & Military

ဘားအံ၌ ထောင်ဖောက်ပြေးမှုဖြစ်ပွားကာ အကျဉ်းသားများ လွတ်မြောက်

ဘားအံအကျဉ်းထောင်အား တွေ့ရစဉ်(အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးရှိ ဘားအံအကျဉ်းထောင်တွင် ယနေ့ နံနက် ၈နာရီ ၄၅ မိနစ်က ထောင်ဖောက်ပြေးမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အကျဉ်းသားအချို့လွတ်မြောက်သွားကြောင်း ကရင်ပြည်နယ် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

အကျဉ်းထောင်မှ လွတ်မြောက်သွားသူ ၄၀ဦး ဝန်းကျင်ရှိပြီး လက်ရှိ အကျဉ်းထောင်အတွင်း စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

“ တောင်ကလေးမှာရှိတဲ့ အကျဉ်းထောင်ဖောက်မှုဖြစ်တယ် ၊ရဲတွေကတော့ လတ်တလော လိုက်စုံစမ်းနေပါတယ်၊ ဖြစ်သွားတဲ့ပုံကတော့ ကားနဲ့ တိုက်ထွက်သွားတယ် သိထားတယ်” ဟု ဘားအံမြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်ကလည်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အကျဉ်းထောင်ဖောက်သူများသည် ထောင်မှဝန်ထမ်းတစ်ဦးမောင်းနှင်လာသော ယာဉ်ကို လုယူပြီး ထောင်တံခါးများကို တိုက်ထွက် မောင်းပြေးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် အကျဉ်းထောင်မှ လူတစ်ဦးဒဏ်ရာရရှိခဲ့ကာ လွတ်မြောက်သွားသော အကျဉ်းသားများထဲမှ အချို့ကို ပြန်လည်ဖမ်းမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.