Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး လွှတ်တော်တွင် ကတိသစ္စာပြု လက်မှတ် ရေးထိုး

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုး ခန့်အပ်ခံရသည့် ဦးလှအေးသည် ယနေ့နံနက်(၁၀)နာရီတွင် ပြုလုပ်သော ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၈) တတိယနေ့၌ ကတိသစ္စာပြုကာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

နေပြည်တော်တရားရုံးချုပ်၊ စီမံဌာန၏ ညွှန်ကြားရေးမှူးဟောင်း ဦးလှအေးအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန်အတွက် ဒီဇင်ဘာ (၁၁)ရက်က ကျင်းပသည့် အရေးပေါ်အစည်းအဝေး (၁/၂၀၀၈) ပထမနေ့၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းက လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့ပြီး ဒီဇင်ဘာ (၁၂)ရက်က ကျင်းပသည့် အရေးပေါ်အစည်းအဝေး (၁/၂၀၀၈) ဒုတိယနေ့တွင် ကန့်ကွက်မည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

တရားသူကြီးချုပ် ဦးလှအေးသည် မြို့နယ်တရားရေးဦးစီးမှူးအဖြစ် (၁)ကြိမ်၊ မြို့နယ်တရားသူကြီး အဖြစ် (၃)ကြိမ်၊ ဒုတိယခရိုင်တရားသူကြီးအဖြစ် (၃)ကြိမ်၊ ခရိုင်တရားသူကြီးအဖြစ် (၁)ကြိမ်၊ တွဲဖက်တိုင်းတရားသူကြီးအဖြစ် (၁)ကြိမ်နှင့် နေပြည်တော်တရားရုံးချုပ်၊ စီမံဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.