Connect with us

Politics, Law & Military

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ ကျပ် သန်း ၂၀ကျော်တန်ဖိုးရှိ တရားမဝင်ကုန်ပစ္စည်းများ ဖမ်းမိ

အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ ဖမ်းဆီးရမိသော တရားမ၀င်ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၂၀သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါစခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၉ ရက်တွင် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု ငါးမှု (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉ ဒသမ ၆ဝ၅ သန်း)၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှုနှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် သုည ဒသမ ၇ သန်း) စုစုပေါင်းတားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂ဝ ဒသမ ၃ဝ၅ သန်း)ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် အောက်တိုဘာ ၁၉ ရက်တွင် မန္တလေးမြို့နှင့် မူဆယ်မြို့တို့သို့ သွားရောက်မည့် ယာဉ်များကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်စဉ် မန္တလေးမြို့သို့ သွားရောက်မည့် ပရိုဘောက်ယာဉ် တစ်စီး၊ Toyota Wish ယာဉ်တစ်စီးနှင့် ခရီးသည်တင်ယာဉ်တစ်စီးတို့ကို စစ်ဆေးခဲ့ရာ ယာဉ်များပေါ်တွင် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ဘက်ထရီများ၊ လျှပ်စစ်ပစ္စည်း များ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့်Jerqui Cam Controller များ(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဒသမ ၃၃၉ သန်း)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.