Connect with us

Politics, Law & Military

ရှမ်းပြည်နယ်အတွင်း ကျပ်၂၂,၄၂၀သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများ ဖမ်းမိ

ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် ထိန်းချုပ် ဓာတုပစ္စည်းများအား တွေ့ရစဉ်(CCDAC Myanmar)

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင် ငွေကျပ် ၂၂,၄၂ဝ သိန်းတန်ဖိုးရှိ ဘိန်းဖြူများနှင့် ငွေကျပ် သိန်း ၁,၅ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျေးသီးမြို့နယ်၊ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ကောင်းလန်းကျေးရွာ၊ ကောင်းလန်းရွာထိပ်လမ်းဆုံတွင် အောက်တိုဘာလ ၁၄ ရက်၌ တပ်မတော်မှတပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ်များ စစ်ဆေးစဉ် မော်တော်ယာဉ်တစ်စီး အားရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် ပီနံအိတ်(၆ဝ)အိတ်အတွင်းမှ ကဖင်း ၁,၅ဝဝ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၅ဝဝ သိန်း)၊ ဘိန်းဖြူ ၈၉.၆၈ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂,၄၂ဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးနှင့် တရားခံအား ကျေးသီးမြို့မရဲစခန်း မယ(ပ) ၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆(ခ)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.