Connect with us

Politics, Law & Military

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် တရားမဝင် မူးယစ်ဆေးဝါးများ ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းဆီး ရမိ

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ် (ဓာတ်ပုံ-M.O.I)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ဟိုမွန် ရပ်ကွက်ရှိ ဌားရမ်း နေထိုင်သည့် နေအိမ်တစ်အိမ်၌ ဇွန်လ ၂၇ ရက် နံနက် (၈) နာရီ (၁၅) မိနစ် အချိန်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ တရားမဝင် မူးယစ်ဆေးဝါးများ ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်သည်။

အဆိုပါ အဌား နေအိမ်ခန်း၌ မ—အား အသင့်တွေ့ရှိရပြီး ဆက်လက် ရှာဖွေရာ နေအိမ် အခန်းနံရံတွင် ချိတ်ထားသည့် Naan စာတမ်းပါ အနက်ရောင် ကျောပိုးအိတ်အတွင်း မိုင်းကိုင်စက္ကူ/တိတ်အကြည် ပတ်ထားသည့် ကမ္ဘာလုံး တံဆိပ်ပါ အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်လျက် စိတ်ကြွ ရူးသွပ်ဆေးပြားများ 88 နှင့်1 စာတမ်း တစ်ဖက်စီပါ နီညိုရောင် ဆေးပြား တစ်ထုပ်လျှင် (၁၉၅) ပြားစီပါ (၁၀) ထုပ်စည်း (၁၁) စည်း၊ စုစုပေါင်း (၁၁၀) ထုပ်၊ ဆေးပြားပေါင်း (၂၁,၄၅၀) ပြား တွေ့ရှိရပြီး မ—၏ ခန္ဓာကိုယ်အား ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အပြာရောင် ဂျင်းဘောင်းဘီရှည် ဝဲဘက် ရှေ့အိတ်ကပ် အတွင်း 88 နှင့် 1 စာတမ်းပါ ဆေးပြား (၉) ပြား၊ စုစုပေါင်း ဆေးပြား (၂၁,၄၅၉) ပြား၊ ကာလ တန်ဖိုး (၄၂,၉၁၈,၀၀၀ိ/-) ကျပ်အား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ မ– အား သက်သေများရှေ့ စစ်ဆေး မေးမြန်းရာ အဆိုပါ ဆေးပြားများမှာ မူဆယ်မြို့ တောင်ရပ်ကွက်၊ လပ်ကီး ဟိုတယ်တွင် တည်းခိုနေသည့် မ– ၏ သူငယ်ချင်း ၃ ဦး တို့က တန့်ယန်းမြို့မှ သယ်ဆောင်လာပြီး ပြန်လည ်ရောင်းချပေးရန် ၎င်းထံ အပ်နှံထားကြောင်း စစ်ဆေး သိရှိရသဖြင့် ၎င်းတို့ တည်းခိုနေသည့် လပ်ကီး ဟိုတယ်သို့ သွားရောက် ရှာဖွေဖမ်းဆီးခဲ့ပြီး ၎င်းတို့ (၃) ဦးက SUCCEED အမျိုးအစား အဖြူရောင် ကိုယ်ပိုင်ယာဉ်ဖြင့် ဆေးပြားများအား သယ်ဆောင်ခဲ့ကာ သူငယ်ချင်းဖြစ်သူ မ–ထံ ပြန်လည် ရောင်းချရန် အပ်နှံထားကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဆေးပြား သယ်ဆောင်ရာတွင် အသုံးပြုသည့် သက်သေခံ မော်တော်ယာဉ်၊ လပ်ကီးဟိုတယ် ဧည့်စာရင်း မှတ်တမ်းမိတ္တူ၊ နိုင်ငံသား စိစစ်ရေးကပ်ပြား (၂) ခုနှင့် ယာဉ်မောင်း လိုင်စင် (၁) ခုတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မ– နှင့် သူငယ်ချင်း (၃) ဦးအား မူးယစ်ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရှိရပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.