Connect with us

Politics, Law & Military

အစိုးရ၌ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ရည်ရွယ်ချက်သာ ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အစိုးရ အနေဖြင့် လျှို့ဝှက် ရည်မှန်းချက် ဆိုသည်မျိုး မရှိဘဲ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ဆိုသည့် ရည်ရွယ်ချက်သာ ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဇွန်လ ၂၈ ရက်တွင် နေပြည်တော်၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

“ ဒီရည်ရွယ်ချက် အောင်မြင်အောင် အားလုံးက ဝိုင်းပြီး ကူညီ ပံ့ပိုးပေးဖို့ကျွန်မတို့အနေနဲ့ဖိတ်ခေါ်ပါတယ်။ အားလုံး ပါမှသာ ဒီကိစ္စမျိုးက အောင်မြင်မှာပါ။ ပြည်ထောင်စု တစ်ခု ဆိုတာဟာ ဒီပြည်ထောင်စုမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေ အားလုံးက လိုလိုလားလား ဝိုင်းပြီးတော့ တည်ဆောက်ရပါမယ် ”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်း ကြိုးပမ်းရာတွင် အောင်မြင်မည် ဆိုသည့် စိတ်ဓာတ်ဖြင့် တက်ကြွစွာ လုပ်သွားမည် ဆိုပါက စိုးရိမ်နေသည့် ကိစ္စများကို မလွဲမသွေ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ၊ တိုင်းရင်းသား အားလုံး ယုံကြည်လေးစားမှုဖြင့် အာမခံနိုင်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုကို ထူထောင်ရန် ဝိုင်းဝန်းပြီး ကူညီကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ ရပ်ခံခဲ့သည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်း မှသာလျှင် တိုးတက်နိုင်မည် ဖြစ်ပြီး ညီညွှတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးကို ရှာဖွေရမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး ရရှိမှသာလျှင် တည်ငြိမ်၍ ချမ်းသာ ကြွယ်ဝသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်မည်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။
နေပြည်တော်၌ အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တို့တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နယ်စပ်ဒေသ ရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ၊ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ ၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင် ၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး နှင့် UPDJC အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှ စောမူတူးစေးဖိုး (KNU) ၊ စိုင်းဘောင်ခေး (RCSS) ၊ ခွန်ဥက္ကာ (PNLO) ၊ ပူးဇင်ကျုံး (CNF) ၊ ဦးခိုင်စိုးနိုင်အောင် (ALP) ၊ ဒေါက်တာ နော်ကပေါ်ထူး (PC) ၊ ဦးသံခဲ (ABSDF) ၊ စောမိုရှေး (DKBA) နှင့် နှစ်ဖက် တာဝန်ရှိသူများ ၊ အလုပ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.