Connect with us

Politics, Law & Military

ရှမ်းပြည်နယ် သိန္နီမြို့တွင် ကျပ်၁,၃၂ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သိန္နီမြို့တွင် ဖမ်းဆီးရမိသော တရားခံနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် သိန္နီမြို့တွင် ငွေကျပ်၁,၃၂ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(သိန္နီ လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ဧပြီ ၁၂ ရက်က သက်သေများနှင့်အတူ သိန္နီမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင် မောင်းနှင်လာသောမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ် ဆေးပြား ၆၆,ဝဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၃၂ဝ သိန်း)၊ မြန်မာငွေ ၅ဝ,ဝဝဝ ကျပ်နှင့် လက်ကိုင် ဖုန်း ၂ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သော တရားခံအား သိန္နီမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော် ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)