Connect with us

Politics, Law & Military

လားရှိုးမြို့၌ လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းမိ

ဖမ်းဆီးရမိသော လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် ပန်ဝကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာအနီးတွင် လက်နက်/ခဲယမ်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဒေသအတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မေ ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ပန်ဝကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် တဲနှစ်လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်စစ်ဆေးရာ တဲအတွင်းမှ အရပ်ဝတ်ဖြင့် လူခြောက်ဦးသည် အနောက် မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး တဲများအနီးရှိ ဒေါင်ဖန်းဖောယာဉ် တစ်စီးပေါ်တွင် ရှိနေသည့် လူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း တဲများအတွင်း ဝင်ရောက်စစ်ဆေးရာ ပွိုင့်-၂၂ မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ၎င်းကျည်အိမ်တစ်ခုနှင့် ၎င်းကျည်ရှစ်တောင့်၊ အမ်-၂၂ ကျည် ၄၃ တောင့်၊ ၎င်းကျည်အိမ်သုံးခု၊ လက်ပစ်ဗုံးတစ်လုံး၊ Equipment တစ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ၄ ပေ အရှည်ရှိ ဂက်စ်အိုးအကြီး ၃၈ လုံး၊ ဂက်စ်အိုးအလတ် ၃၄ လုံးနှင့် ၃ ပေအရှည်ရှိ ဂက်စ်အိုးအသေး ၁၉ လုံး၊ ငါးဂါလန်ဆံ့ အက်စစ်ပုံး ၅၁ ပုံး၊ သံဇလားသုံးခု၊ မွှေစက်တစ်လုံး၊ Costic Sodar ၆၅ အိတ်၊ အလေးချိန် ၁ဝ ပိဿာခန့်ရှိ ဓာတုဗေဒပစ္စည်းများ ထည့်ထားသော ဆာလာအိတ် ၈၄ အိတ်၊ ဓာတုချွတ်ဆေးတစ်ထုပ်၊ ဓာတ်ခွဲခန်းသုံး ခေါင်းစွပ်လေးခုနှင့် အခြား ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိ သူအား လားရှိုးမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.