Connect with us

Politics, Law & Military

လေယာဉ်လက်မှတ်အရောင်းဌာနမှ ငွေကြေးများလုယက်သူအား ဖမ်းဆီးရမိ

လေယာဉ်လက်မှတ်အရောင်းဌာနမှ ငွေများလုယက်သူ နှစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ- Yangon Police)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ၃၃လမ်းရှိ MK Travels & Tour ကုမ္ပဏီလီမိတက်၏ (ပြည်တွင်း/ပြည်ပ) လေယာဉ်လက်မှတ်အရောင်းဌာန၌ ဇွန် ၁၈ ရက်နေ့ နေလည် တစ်နာရီခန့်က ငွေများလုယက်သွားသူအား ဖမ်းဆီးရမိထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရသည်။

လေယာဉ်လက်မှတ်အရောင်းဆိုင်မှ ငွေကျပ် သိန်း၇၀၊ စိန်လက်စွပ်နှင့် ဟန်းချိန်းတစ်ကုံးကို လှယက်သွားသူ နှစ်ဦးအား ၁၂ နာရီတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။အဆိုပါ လက်မှတ်အရောင်းဌာနသို့ လုယက်သူသည် MK Travels & Tour အရောင်းဌာနတွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး ၎င်းနေထိုင်သော တာမွေမြိုနယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်ရှိနေအိမ်တွင် လုယက်ယူဆောင်သွားသော ငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လေယာဉ်လက်မှတ်အရောင်းဌာန၌ ဝန်ထမ်းအမျိုးသမီး တစ်ဦးတည်းရှိနေစဉ် လေယာဉ်လက်မှတ် စုံစမ်းရန် ရောက်ရှိလာပြီး ယင်းဝန်ထမ်းအမျိုးသမီးအား အစိမ်းနုရောင်လက်ကိုင်ပုဝါဖြင့်အုပ်ကာ ချွန်ထက်သော အရာဖြင့် လည်ပင်းအားထောက်၍ အိမ်သာဘက်သို့ဆွဲခေါ်ကာ အဝတ်စများထည့်ပြီး ပါးစပ်နှင့်မျက်နှာတို့တွင် အနက်ရောင်တိတ်ဖြင့်ပတ်ကာ ခြေထောက်နှင့်လက်များကို နိုင်လွန်ကြိုးဖြင့်တုတ်ထားခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသော တရားခံနှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်း၌ (ပ)၂၄၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂/၃၄၁ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.