Connect with us

Politics, Law & Military

သဘာဝဘေးကယ်ဆယ်ရေး အတွက်တပ်မတော် က ပါဝင်ဆောင်ရွက်လျက်ရှိ

ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာ ရှင်းလင်းပွဲကျင်းပနေစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

နေပြည်တော်၊ မေလ ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော် အစိုးရ၏ ဒုတိယ တစ်နှစ်တာအတွင်း ဖြစ်ပွားခဲ့သည့် သဘာ၀ ဘေးအန္တရာယ်များ ကျ ရောက် ချိန်တိုင်းတွင် တပ်မတော်သည် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“၂၀၁၇ ခုနှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ခုနစ်ခုတို့တွင် စေတီပုထိုးများနှင့် လူနေအိမ်များ ပျက်စီးခဲ့ပါတယ်၊ တပ်မတော်အနေနဲ့ဘုရားစေတီ ခြောက်ဆူ၊ ဘုန်းကြီးကျောင်း ၃၆ ကျောင်း၊ အိမ်ခြေ ၇၁ လုံး၊စာသင်ကျောင်း ၃၆ ကျောင်းနဲ့ဆေးရုံ သုံးရုံတို့ကို ပြန်လည် ပြုပြင်ပေးခဲ့ပါတယ်၊ ကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးအတွက် ကျပ် သိန်း ၃၅၀ ကျော်ဖိုး ပံ့ပိုးကူညီခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့တွင် မိုးသည်းထန်ပြီး မြစ်ရေကြီး ခဲ့ခြင်း ကြောင့် တပ်မတော်က အိမ်ထောင်စု ၄၀၇၄ စုတို့ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းတန်ဖိုး – ကျပ် သိန်း ၁၈၀ ကျော်ကိုလည်းကောင်း၊ ဆိုင်ကလုံး မုန်တိုင်း မိုရာဒဏ် ခံခဲ့ရသော ရခိုင်ပြည်နယ်မှ ပြည်သူများအတွက် စစ်ရေယာဉ် နှစ်စင်းဖြင့် ကုန်ပစ္စည်းတန်ချိန် ၁၆၅ ဒသမ ၆၄၆ တန်နှင့် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်း တန်ဖိုးငွေ ကျပ် သိန်း ၃၀၉၀ ကျော် ကိုလည်း ကောင်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၂၀၁၆ ခုနှစ်မှ ယခုအချိန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတို့တွင်ရေဘေးသင့် အိမ် ထောင်စု ၁၁၈၅၁ စုတို့ကို တပ်မတော်ပိုင်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ဘေးလွတ်ရာသို့ ရွှေ့ ပြောင်း ပေးခဲ့ပြီး ကုန်တန်ချိန် ၁၂၇ တန်နှင့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်း တန်ဖိုးငွေ ကျပ် သိန်း ၁၃၇၀ ကျော် ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၆ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပုဂံငလျင်တွင် ပျက်စီးသွားသော စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများနှင့် လူနေအိမ်များ ပြန်လည် ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများအတွက် တပ်မတော် ကြည်း ရေ လေ မိသားစုဝင်များက ၂၀၁၇ ခုနှစ် ဧြပြီလတွင် ဒုတိယ အကြိမ် အလှူငွေ ကျပ် သိန်း ၈၉၂၀ ကျော် ပေးအပ် လှူဒါန်းနိုင်ခဲ့ ကြောင်း၊ တပ်မတော်ရေက ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် သဘာဝဘေး ကြုံတွေ့ခဲ့ရသူ ၄၂ ဦးတို့ကို စစ်ရေယာဉ် ခြောက်စင်းဖြင့် ကယ်ဆယ်နိုင်ခဲ့ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.