Connect with us

Politics, Law & Military

အင်းစိန်ဈေးအတွင်း ဝါယာကြိုးတပ် ပုလင်းတွေ့ရှိမှုအား ပုဒ်မ ၄ဖြင့် အမှုဖွင့်စုံစမ်း

အင်းစိန်ဈေးအတွင်းကတွေ့ရှိသော လက်လုပ်မိုင်းအားတွေ့ရစဉ်(ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အင်းစိန်မြို့နယ်၊ ဈေးကုန်း(အနောက်) ရပ်ကွက်၊ အင်းစိန်မြို့မဈေး မြေညီထပ် (E)ရုံ မ/၃၆၇ ရှိ အပ်ချုပ်ဆိုင်တစ်ဆိုင်၌ ဝါယာကြိုးတပ် ပုလင်းတွေ့ရှိမှုအား လူ့အသက်ဘေး/ပစ္စည်းကို ထိခိုက် ပျက်စီးစေရန် အကြံဖြင့် ပြုမူအားထုတ်သူ(စိစစ်ဆဲ)အား အင်းစိန်မြို့မရဲစခန်း(ပ) ၂၄၄၉/၂၀၁၈၊ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်း များ အက်ဥပဒေ ပုဒ်မ ၄ ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အပ်ချုပ်ဆိုင်အတွင်း နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အမြင့် ၉ လက်မ၊ လုံးပတ် ၆ လက်မ ခန့်ရှိ Max Power အချိုရည် ဖန်ပုလင်းအတွင်း၌ ဒီဇယ် ၃ ပုံ ၂ ပုံခန့်၊ သံ ၄၇၈ ချောင်း (ဝ.၅ လက်မ ၉၈ ချောင်း၊ ၁ လက်မ ၁၈၀ ချောင်း၊ ၁.၂၅ လက်မ ၂၀၀ ချောင်း)နှင့် အရှည် ၈ ပေ ၁၁ လက်မရှိ နီ/နက်ဝါယာကြိုး တစ်စအား ပုလင်းအတွင်းထည့်၍ ပုလင်းအဝအား အဝါရောင်တိပ်ဖြင့် ပိတ်ကာ ကျန်ဝါယာတစ်စအား ဆိုင်အတွင်း မီးပလပ်ခုံတွင် တပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်း ပုလင်းအား နံနက် ၁၁နာရီ တွင် စအရ (၉၀၅)မှ တပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ယမ်းနှင့်ပေါက်ကွဲစေ တတ်သော ပစ္စည်းများပါဝင်ခြင်း မရှိကြောင်း၊ အဆိုပါ ပုလင်းအား စအရ(၉၀၅)သို့ ယူဆောင် သွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.