Connect with us

Politics, Law & Military

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးဌာန ၄ ခု ၏ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်မည်

ပြည်ထောင်စု လွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်းက ဝန်ကြီး ဌာနနှင့် တာဝန်ထမ်းဆောင်မည့် ပြည်ထောင်စု ဝန်ကြီးအမည် စာရင်း အား ကြေညာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနတို့ ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ယူရမည့် ဝန်ကြီးဌာနစာရင်းအား ပေးပို့ခဲ့သည့်သဝဏ်လွှာအား ပြည်ထောင်စုလွှတ်တော်နာယက မှ ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများမှ တာဝန်ယူရမည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီး၏ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန)၊ ဒေါက်တာအောင်သူ (စိုက်ပျိုးရေး နှင့်မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန)၊ ဦးသန့်စင်မောင်( ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)၊ သူရဦးအောင်ကို (သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးအုန်းဝင်း (သယံဇာတ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)၊ ဦးသိန်းဆွေ (အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ဦးကျော်ဝင်း (စီမံကိန်း နှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန)၊ ဦးခင်မောင်ချို (စက်မှုဝန်ကြီးဌာန၊ ဒေါက်တာမြင့်ထွေး ကျန်းမာရေးဝန်ကြီးဌာန)၊ ဦးဝင်းခိုင် (ဆောက်လုပ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာဝင်းမြတ်အေး (လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)၊ ဦးအုန်းမောင် (ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန)၊ ဒေါက်တာသန်းမြင့် (စီးပွါးရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)၊ ဒေါက်တာဖေမြင့် (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း (ကာကွယ်ရေးဝန်ကြီးဌာန)၊ ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် (နယ်စပ်ရေးရာဝန်ကြီးဌာန) တို့ဖြစ်ကြသည်။

ပြည်ထောင်စုဝန်ကြီး ၁၈ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၆ဦး၊ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ၃ ဦး၊ မွန်အမျိုးသားပါတီမှ ၁ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ ပြင်ပပညာရှင် ၆ ဦးတို့ပါဝင်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.