Connect with us

Politics, Law & Military

အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းကို ၂ နှစ်ကျော်အတွင်း အပြီးသတ် ဖောက်လုပ်မည်

အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးကို ၂ဝ၁၈ခုနှစ်တွင် အပြီးသတ် ဖောက်လုပ်နိုင်ရန် လျာထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးကို အိန္ဒိယနိုင်ငံ အစိုးရမှ အဓိက ဦးဆောင် ဖောက်လုပ်မည် ဖြစ်ပြီး သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်းအရ ၄၈.၄ မိုင် ရှည်လျားသည့် ကားလမ်းအသစ်ကို ဖောက်လုပ် မည်ဖြစ်သည်။

လက်ရှိ အသုံးပြုနေသည့် ၂၄၈.၅မိုင် ရှည်လျားသည့် ကားလမ်းကို ရာသီမရွေး ခံနိုင်ရည် ရှိစေရန် အဆင့်မြှင့်တင် မည်ဖြစ်ပြီး ယင်းအဝေးပြေး လမ်းမ ကြီးသည် အိန္ဒိယ နိုင်ငံ မဏိပူရ ပြည်နယ် မိုရေးမြို့မှ စတင်ကာ မြန်မာနိုင်ငံ မန္တလေးမြို့ကို ဖြတ်သန်း ဖောက်လုပ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဖောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ နယ်ခြားလမ်း ဖောက်လုပ်ရေး အဖွဲ့ (BRO) သည် မြန်မာနိုင်ငံ ဘက်ခြမ်းရှိ တမူး၊ ကလေးဝနှင့် ကလေးမြို့ ကားလမ်းများကို အဆင့်မြှင့် တင်ပေး နေပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံသည် အာရှနှင့် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်မှု အရဗဟို နေရာတွင် ရှိနေပြီး နိုင်ငံများ ဆက်သွယ်သောလမ်းများ ဖောက်လုပ်မှု စီမံ ကိန်းများ ပြီးစီးပါက မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာ အထောက် အကူဖြစ်လာ စေမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.