Connect with us

Politics, Law & Military

ဥပဒေကြမ်း သုံးခု၊ ခန့်အပ်ခြင်း နှစ်ခုတို့ကို လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ဥပဒေကြမ်း သုံးခု၊ ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ခန့်အပ်ခြင်း နှစ်ခုတို့ကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေးပြီး ၂၀၁၈ ခုနှစ် မေ ၁၅ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်က အတည်ပြုခဲ့သည့် “နိုင်ငံ့ ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် အမျိုးသား လွှတ်တော်တွင် စတင် ဆွေးနွေးပြီး ၂၀၁၈ ခုနှစ် မေလ ၁၇ ရက်နေ့တွင် အမျိုးသား လွှတ်တော်က အတည်ပြုခဲ့သည့် “ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများ ဆိုင်ရာ ဥပဒေကြမ်း” တို့ကို လွှတ်တော် နှစ်ရပ် သဘော ကွဲလွဲမှုမရှိသဖြင့် ပြည်ထောင်စု လွှတ်တော်က အတည်ပြု သည်ဟု မှတ်ယူရမည့် ဥပဒေများ ဖြစ်ကြောင်း၊ အဆိုပါ ဥပဒေကြမ်းများကို နိုင်ငံတော် သမ္မတက လက်မှတ်ထိုးနိုင်ရန် ပေးပို့ထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ယနေ့ အစည်းအဝေးတွင် အတည်ပြု ပြောကြားခဲ့သည်။

ထို့အတူ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး အဖွဲ့ဝင်အဖြစ် တရားလွှတ်တော် ရှေ့နေ ဦးတင်မောင်မြင့်အား ခန့်အပ် တာဝန်ပေးရန် နိုင်ငံတော် သမ္မတက လွှတ်တော်သို့ ၂၀၁၈ ခုနှစ် မေလ ၁၄ရက်နေ့တွင် ပေးပို့ တင်ပြထားမှုနှင့် ပတ်သက်ပြီး နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့် ကွက်သူ မရှိသောကြောင့် အဆိုပါ ခန့်အပ်မှုကို ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း၊ ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၂) ဖြစ်ခဲ့သူ ဦးထွန်းထွန်းဟိန်၏ နေရာတွင် လမ်းမတော် မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းအား ပြောင်းလဲ တာဝန်ပေးအပ်ခြင်းကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်သူ မရှိ သဘောတူသဖြင့် ပြည် ထောင်စု လွှတ်တော် နာယက က အတည်ပြုကြောင်း ကြေညာခဲ့သည်။

ထို့အပြင် နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည် ပေးပို့ခဲ့သော “ဇီ၀ မျိုးစုံ မျိုးကွဲ နှင့် သဘာ၀ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေကြမ်း” အားတစ်ပုဒ်ချင်းစီ အလိုက် ဆွေးနွေး အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.