Politics, Law & Military
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ် တန် ၄သောင်းကျော် ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ)
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ တရားမဝင်သစ်များ ဖမ်းဆီးခဲ့ရာ တန် ၄သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့အား ထိန်းသိမ်းကာကွယ် စေင့်ရှောက်ရန်နှင့် တရားဥပဒေစိုးမိုးစေရန် ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး တရားမဝင်သစ်ထုတ်လုပ် သယ်ဆောင်မှုများကို ဖမ်းဆီးလျက်ရှိရာ တရားမဝင် ကျွန်း ၉,၁၀၃.၇၄၄၃တန်၊ သစ်မာ ၁၂,၂၈၆.၇၈၅၈တန်၊ အခြား ၂၁,၅၀၂.၉၀၁၅တန် စုစုပေါင်း ၄၂,၈၉၃.၄၃၁၆တန်ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။
အဆိုပါ တရားမဝင်သစ်ဖမ်းဆီးရာတွင် တရားခံ ၆၅၉၁ဦး(နိုင်ငံခြားသား ၁၉ဦး)နှင့် ယာဉ်/ယန္တရား ၃၁၉၂စီး ဖမ်းဆီးရမိထားကြောင်း သိရသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။(Xinhua)