Connect with us

Politics, Law & Military

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များကို နိုဝင်ဘာ ၉ ရက်မှစ၍ တစ်နေ့သုံးကြိမ် ထုတ်ပြန်သွားမည်ဟု ဆို

ရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲပေးနေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးသန်းလင်း

၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၏ ရလဒ် များကို နိုဝင်ဘာ ၉ ရက်မှစ၍ တစ်နေ့သုံးကြိမ် ထုတ်ပြန်သွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC) ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ဆင်ဟွာသို့ ယနေ့ ဖြေကြားခဲ့သည်။

“၂၀၁၅ တုန်းကလို UEC မှာ result center မထားတော့ပါဘူး၊ MRTV၊ နိုင်ငံပိုင် သတင်းစာ ၊ UEC website နဲ့ UEC facebook page တွေမှာ နိုဝင်ဘာ ၉ ရက်နေ့က စပြီး နေ့လယ် ၁၂:၀၀ နာရီ၊ ညနေ ၄:၀၀ နာရီနဲ့ ည ၈:၀၀ နာရီမှာ တစ်နေ့ကို သုံးကြိမ် ထုတ်ပြန်သွားပါ့မယ်” ဟု ၎င်းက ဖြေကြားခဲ့သည်။

မဲဆန္ဒနယ် အများစု၏ ရလဒ်များသည် တစ်ပတ်အတွင်း UEC သို့ရောက်ရှိနိုင်ပြီး ဝေးလံ ခေါင်သီသော ဒေသများရှိ မဲဆန္ဒနယ်များ၏ စာရင်းကမူ hard copy အပါအဝင် ပြည့်စုံရန် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းက ကိုးရက်ခန့် စောင့်ခဲ့ရသည်များလည်း ရှိကြောင်း၊ UEC အနေဖြင့် အစောဆုံး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ဖြေကြားခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.