Connect with us

Politics, Law & Military

၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ရန်ကုန်မြို့ဝန်ကြီးများရုံး၌ ကျင်းပ


ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ)

၇၁ မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ယနေ့ဇူလိုင် ၁၉ ရက် ၊ အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး၌ ကျင်းပခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး)၌ ပြုလုပ်သော အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် တက်ရောက်လာသူများက ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း ၊ မေတ္တာပို့အမျှပေးဝေခြင်း ၊ အလံအား တိုင်ဝက် လျှော့ချ လွှင့်ထူခြင်းများ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့ဝန်ကြီးများရုံး၌ ကျင်းပသော ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ဝန်ကြီးများရုံး၌ ကျင်းပသော ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်မြို့ဝန်ကြီးများရုံး၌ ကျင်းပသော ၇၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

ထိုအခမ်းအနားသို့သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် အတူ ကျောင်းသား/သူများ ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။

ယခု ၇၁ နှစ်မြောက် အာဇာနည်နေ့တွင် အာဇာနည်ဗိမာန် ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်ချုပ် အောင်ဆန်း နေအိမ် ပြတိုက် (နတ်မောက်မြို ့) နှင့် ဝန်ကြီးများရုံး တို့ကို အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ် ပြသ သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.