Connect with us

Politics, Law & Military

အမှန်အတိုင်း ၊ ဥပဒေနှင့်အညီ ဖြစ်စေရန် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌ နှင့် တွေ့ဆုံစဉ် ပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင် ဥက္ကဋ္ဌတို့ တွေ့ ဆုံစဉ်(ဓာတ်ပုံ- Senior General Min Aung Hlaing)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)
အမှန်အတိုင်း ဖြစ်စေရန် ၊ ဥပဒေနှင့်အညီ ဖြစ်စေရန် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မင်းအောင်လှိုင် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သောအဖွဲ့အား ယနေ့ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဒေသတွင်း နေထိုင်သူများ၏ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိနားလည်ပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်မှထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ ယင်းသို့ နေထိုင်လုပ်ကိုင်ခြင်း မရှိဘဲ မိမိဖာသာ ရပ်တည်ချက်ဖြင့် နေထိုင်၍ လူမှုစီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ခြင်း၊ နိုင်ငံတော်၏ ဥပဒေစည်းမျဉ်းများကိုဆန့်ကျင်ခြင်းတို့မှာ မဖြစ်နိုင်ကြောင်း တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan က ကော်မရှင်အနေဖြင့် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်သင့်မြတ်ရေး၊ အသိုက်အဝန်း အသီးသီးကြားတွင် ထိတွေ့ဆွေးနွေးနိုင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အဆိုပြုချက်များကို ရေရှည်ကာလအတွက် အဓိကထား အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း လူသားချင်းစာနာ ထောက်ထားသည့် အကူအညီပေးမှုကိစ္စရပ်များတွင် ကူညီဆောင်ရွက်စေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံသားဖြစ်မှု နှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အားလုံး စိစစ်မှု ခံယူရန်လိုအပ်ပြီး ဥပဒေနှင့်ညီညွတ်သူအားလုံးကိုလည်း အသိအမှတ်ပြုကြောင်း ၊ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ၊ ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် Identify လုပ်ငန်းများကို စနစ်တကျ ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ Mr. Kofi Annan က ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံနှင့်တပ်မတော်အတွက် အထောက်အကူပြုနိုင်မည့်အစီရင်ခံစာ ပြုစုနိုင်ရန် ကြိုးပမ်း လုပ်ဆောင်နေကြောင်း ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.