Connect with us

Politics, Law & Military

အမျိုးသား လွှတ်တော် ရေးရာ ကော်မတီ သုံးခု ၏ အဖွဲ့ဝင် အချို့အား ပြောင်းလဲ ဖွဲ့စည်း

ဒုတိယအကြိမ်းအမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းဝေးကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမျိုးသား လွှတ်တော်၏ လွှတ်တော် ရေးရာ ကော်မတီ သုံးခုတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် နေရာ အချို့တို့အတွက် အစားထိုး ပြင်ဆင် ဖွဲ့စည်းမှုများကို ယနေ့ ကျင်းပသည့် ဒုတိယ အကြိမ် အမျိုးသား လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ (၆ – ၁၂ – ၁၆) အမျိုးသား လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

အမျိုးသား လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်( ၁ ) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သန်းဝင်းအား လည်းကောင်း၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်( ၉ ) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ်အား လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ပဲခူးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်( ၁ ) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စန်းမောင်မောင် အားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေး မြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်( ၄ ) အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဗိုလ်မှူးချုပ် ချစ်ဦး အား အဖွဲ့ဝင် အဖြစ်လည်းကောင်း အစားထိုး ပြင်ဆင် ဖွဲ့စည်းခြင်းကို အမျိုးသား လွှတ်တော်က ယနေ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.