Connect with us

Politics, Law & Military

နိုင်ငံတကာ အနေဖြင့် ဆယ်စုနှစ် များစွာ ကြာမြင့်နေသည့် ပြသနာများကို ဖြေရှင်း ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံ အပေါ် အချိန်ယူ ဆောင်ရွက်ခွင့်ပေးရန် နှင့် နားလည်မှုရှိရန် လိုအပ်ဟုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တို့ တွေ့ဆုံစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)
နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်သည့် ပြဿနာ များကိုဖြေရှင်းဆောင်ရွက်နေရသည့် မြန်မာနိုင်ငံ အပေါ် အချိန်ယူဆောင်ရွက်ခွင့်ပေးရန် နှင့် နားလည်မှုရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တို့ ယနေ့ဒီဇင်ဘာ ၆ ရက်တွင် နေပြည်တော်၌ တွေ့ဆုံရာတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံခဲ့ရာတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အနေဖြင့် နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာလ ၅ ရက်ထိ ခရီးစဉ်များအတွင်း လေ့လာတွေ့ရှိချက်များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကော်မရှင်အနေဖြင့် လေ့လာ တွေ့ရှိမှုများ အပေါ်မူတည်ပြီး ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးမှု ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အထောက်အပံ့လုပ်ငန်းများ ဆောင်ရွက် နေမှု ၊ NV ကဒ် စိစစ်ထုတ် ပေးမှုလုပ်ငန်းစဉ်၊ ဒေသအတွင်း တစ်နေရာမှတစ်နေရာသို့ လွတ်လပ်စွာ ကူးသန်းသွားလာမှုဆိုင်ရာကိစ္စရပ်များအပါအဝင် အခြားသောကိစ္စရပ် များတွင် လက်ရှိ ကြုံတွေ့ နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့် ပတ်သက်သည့် အကြံ ပြုချက် များအား ပြန်လည် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.