ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တစ်နိုင်ငံအပစ်ခတ်အတိုက်ခိုက်ရပ်စဲရေးစာချုပ် (NCA)စာချုပ်ချုပ်ဆိုပြီး လုပ်ဆောင်ရမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေကြောင်း ယနေ့ စက်တင်ဘာ ၁၅ ရက် နေ့ သတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်ပြန်လည်ထူေ ထာင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားသည်။
ရန်ကုန် စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ရေး နှင့် ပတ်သက်ပြီးဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam တို့တွေ့ဆုံဆွေးနွေးကြကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပြည်သူလူထုက ယုံကြည်စွာ အပ်နှင်းသည့် တာဝန်များကို ဂုဏ်ယူစွာ လက်ခံပြီး တာဝန်သိသိ သစ္စာရှိရှိဖြင့် သမိုင်း မှတ်တိုင်သစ် ရေးထိုးသွားကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့နေ့လယ်တွင် တိုက်တွန်းပြောကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam နှင့် အဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ခန်းမ၌ ယနေ့ နံနက် ၁ဝ း ၀၀...
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အထူးကြိုးပမ်း လုပ်ဆောင်နေကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားသို့ စက်တင်ဘာ ၁၅ ရက်နေ့က ပေးပို့ထားသော သဝဏ်လွှာတွင်ထည့်သွင်းပြောကြားထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား လေကြောင်းတိုးချဲ့ပျံသန်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာဘူလောင်တို့ စက်တင်ဘာ ၁၃ ရက်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီသည် သက်ဆိုင်ရာ ကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ကွင်းဆင်းလေ့လာသုံးသပ်ခြင်းကို ရက်သတ္တပတ် (၂)ပတ်အတွင်းအပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ခါးပတ်မပတ်ဘဲ မောင်းနှင်သော ယာဉ်များအားစစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) မောင်တောမြို့နယ် အတွင်းရှိ မီးတိုက်ချောင်း၀ ကင်းစခန်း၊ နံ့သာတောင် ချောင်းဝကင်းစခန်းနှင့် သင်္ဘောလှ ချောင်းဝကင်းစခန်းတို့အား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့သည်ကို လုံခြုံရေးတပ်ဖွဲ့ရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် တွေ့ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၁၅ ရွာ၊ ရသေ့တောင်မြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာ နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတို့မှ ဒေသခံတိုင်းရင်းသား ပြည်သူ စုစုပေါင်း ၄၂၂၈ ဦးတို့ကို မူလနေရပ်များသို့...