Connect with us

Politics, Law & Military

မြန်မာနိုင်ငံတွင် ပထမဆုံး သန်းခေါင်စာရင်း အခြေပြ မြေပုံစာအုပ် ထုတ်ဝေ


နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံအတွင်း နေထိုင်သူများ အကြား ကွဲပြား ခြားနားသည့် အခြေအနေများကို ဖော်ပြထားသည့် မြန်မာနိုင်ငံအတွက် ပထမဆုံး သန်းခေါင်စာရင်း အခြေပြ မြေပုံစာအုပ် (Census Atlas) ထုတ်ဝေသည့် အခမ်းအနားကို နေပြည်တော် ဟိုတယ် မက်စ်၌ နိုဝင်ဘာ ၂၃ ရက် နံနက်တွင် ပြုလုပ်ခဲ့သည်။

ကျောင်းနေနှုန်း၊ စာတတ်မြောက်မှု၊ အလုပ်အကိုင် အခွင့်အလမ်း၊ နေရေးထိုင်ရေး (အိုးအိမ်)၊ ခေတ်မီ အိမ်သုံး ပစ္စည်းများ သုံးစွဲနိုင်မှု နှင့် အခြား လူမှု စီးပွား အခြေအနေများကို သိသာထင်ရှားသည့် ခြားနားမှု အမျိုးမျိုးကို ဖော်ပြနိုင်သော အဆိုပါ စာအုပ်ကို အခြေခံကာ ပြည်သူတို့၏ လူနေမှု အဆင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် စီမံကိန်းများ ချမှတ်ရေးဆွဲနိုင်ရန် ရည်ရွယ်လျက် ထုတ်ဝေခြင်း ဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။

“၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာတွေ ကိုထုတ်ပြန်ထားပြီး ဖြစ်ပေမယ့် ပိုမိုရှင်းလင်း လွယ် ကူပြီးတော့ ကိုယ့်ရဲ့ လိုအပ်ချက်ကို ချက်ချင်း တန်းကြည့်နိုင်အောင် သန်းခေါင်စာရင်း အစီရင်ခံစာတွေ ပါတဲ့ မြေပုံစာအုပ် ထုတ်ဝေရခြင်း ဖြစ်ပါတယ် ဒီမြေပုံကိုကြည့်ခြင်းအားဖြင့် ကိုယ့်ရဲ့လိုချင်တဲ့ အချက် အလက်က ဘယ်တည်နေရာ ဘယ်တိုင်း၊ ဘယ်ပြည်နယ်၊ ဘယ်မြို့နယ် တွေမှာ ဘာအချက်အလက် တွေ ကိုသိချင်တယ် ဆိုတဲ့ အချက်အလက်တွေကို တန်းပြီး ရှာနိုင်ပြီးတော့ ကိုယ့်ရဲ့လုပ်ငန်းကို စီမံဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက မီဒီယာကို ရှင်းပြခဲ့သည်။

ယနေ့ စတင်ထုတ်ဝေသော သန်းခေါင်စာရင်း အခြေပြ မြေပုံစာအုပ်ကို တွေ့ရစဉ် (ဆင်ဟွာ)

သို့ရာတွင် သန်းခေါင်စာရင်းမကောက်ယူနိုင်ခဲ့သော နေရာများလည်း ရှိခဲ့ရာ ရခိုင်ပြည်နယ်မြောက် ပိုင်း တွင် ခန့်မှန်းခြေ လူ ၁၀၉၀၀၀၀ ခန့် ကရင်ပြည်နယ်တွင် ၆၉၇၀၀ ခန့်၊ ကချင်ပြည်နယ်တွင် ၄၆၄၀၀ ခန့် စုစုပေါင်း လူဦးရေ ၁ ဒသမ ၂ သန်းခန့်ရှိပြီး အဆိုပါ ဦးရေကို တစ်နိုင်ငံလုံးရှိ လူဦးရေ ၅၁ ဒသမ ၅ သန်းတွင် ထည့်သွင်းထားပြီးဖြစ်ကြောင်း နှင့် ယခု အစီရင်ခံစာတွင်မူ ကွင်းဆင်း ကောက်ယူနိုင်ခဲ့သည့် ကိန်း ဂဏန်း အချက်အလက်များကိုသာ ထည့်တွက်ထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ်၌ ကောက်ခံရရှိသော သန်းခေါင်စာရင်းကို ၂၀၁၄ သြဂုတ်လတွင်လည်းကောင်း ပင်မ အစီရင်ခံစာကို ၂၀၁၅ ခုနှစ် မေလတွင် တွင်လည်းကောင်း ထုတ်ဝေခဲ့ပြီး ယခု သန်းခေါင်စာရင်း အခြေပြ မြေပုံ စာအုပ်သည် အဆိုပါ ထုတ်ဝေပြီး အစီရင်ခံစာများကို ပိုမို သိသာ ထင်ရှား အသက်ဝင် စေကြောင်း မြန်မာနိုင်ငံ ဒေသအသီးသီးတွင် နေထိုင်ကြသူများ၏ လူမှု အသိုက်အဝန်းများ အကြား ပျံ့နှံ့ နေထိုင်ကြပုံတွင် တူညီချက်၊ ကွဲပြား ခြားနားချက်များ ရှိနေသည်တို့ကို ပထဝီ အနေအထား ရှုထောင့်မှ ဖော်ပြနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.